Ch-44

537 80 0
                                    

Zawgyi
....
မင်းကိုချစ်မဝသေးလို့
အပိုင်း၄၄:စိတ်လှုပ်ရှား၊ကြည်နူးဖွယ်ကောင်းသော

ဒီနေ့မှာလဲဂျာပေါင်သည် သူ့ရဲ့ပုံမှန်တစ်နေ့တာကို ဖြတ်သန်းရန်အတွက် လိုအပ်သည်များကိုစတင်ပြင်ဆင်နေလေသည်။ဒီရက်ပိုင်းတွေမှာ ဧကရီမိဘုရားကြီးအား ဂါရဝပြုရန်အတွက် မိဖုရားမောင်းမဆောင်ကို မနက်စောစောသွားရောက်တာက သူ့အတွက် အလေ့ကျင့်တစ်ခုလိုဖြစ်နေခဲ့ပါပြီ။

ဂျာပေါင်တစ်ယောက် မောင်းမဆောင်သို့ ရောက်လာချိန်သည် တော်တော်လေးစောသေးတာကြောင့် ဘယ်မှ မရောက်လာကြသေးပေ။ အချိန်အနည်းငယ်ကြာမှသာ မောင်မဆောင်ခန်းမအတွင်းသို့ တစ်ယောက်ပြီးတစ်ယောက်အသီးသီး ဝင်လာကြလေသည်။တွေ့ရပါများလာရင်တော့ သူတို့နဲ့တဖြည်းဖြည်းရင်းနှီးလာနိုင်ပါတယ်....။

ဧကရီမိဖုရာကြီးကြွချီလာချိန်မှာတော့ ဂျာပေါင်နှင့် အခြားမောင်းမများဟာ ဧကရီမယ်မယ်ကြီးအား ညီညာစွာအရိုသေဂါရဝပြုကြလေသည်။ဂါရဝပြုမှုကိုခံယူပြီးနောက်မှာတော့ မယ်မယ်ကြီးက ကိုယ်လုပ် တော်မောင်းမတို့၏ တာဝန်ဝတ္တရားနှင့်ကျင့်ဝတ်တို့ကိုပြောပြ၏။

အဲ့ဒီ့နောက်မှာတော့ ကြိုဆိုဂုဏ်ပြုပွဲကျင်းပမည့်အကြောင်းကိုပြောကြားလေသည်။ဒီပွဲကျင်းပရာတွင် မိဖုရား၃ယောက်အပြင် အခြားသော ကိုယ်လုပ်တော်မောင်းမအားလုံးပါဝင်ရမည်ဖြစ်ကြောင်းကိုညအသိပေးပြောကြား၏။ဂျာပေါင်သည်လဲ ဧကရီမယ်မယ်ကြီးပြောသမျှ အားလုံးကိုပြီးသည်အထိ တိတ်တိတ်လေးငြိမ်၍နားထောင်နေလေ၏။

ဂျာပေါင်ကတော့ သူ့ရဲ့အိမ်ရှေ့စံမင်းသား နောက်နေ့မှာပြန် လာတော့မည်ဖြစ်ကြောင်းကို ကြားလိုက်ရသည်နှင့် အရမ်းကိုပျော်နေလေတော့သည်။ အိမ်ရှေ့စံမင်းသား ထွက်သွားတဲ့နေ့ထဲက သူ့မှာအချိန်တိုင်းလွမ်းဆွတ်သတိရနေခဲ့တာ.....။

မအိပ်ခင်ရှန်ကုန်းရဲ့အထိတွေ့နှင့်ခပ်ဖွဖွပွေ့ဖက်ခံထားရခြင်းတို့ကို အသားကျနေသည့်သူက အိမ်ရှေ့စံမင်းသားမရှိတာနှင့် အိပ်ပျော်ဖို့ကိုပင် တော်တော်လေးခက်ခဲနေခဲ့လေသည်။ အိမ်ရှေ့စံမင်းသား မြန်မြန်ပြန်လာဖို့ သူ,အချိန်ရှိတိုင်း ဆုတောင်းနေခဲ့တာ...။

မင်းကို ချစ်​မဝ​သေးလို့(BL Novel,Myanmar tran)Where stories live. Discover now