Ch-32

2.4K 375 5
                                    

Unicode
...

အခန်း-၃၂

ညနေပိုင်းတွင်တော့ ရွှမ်းရန်ဟန်ချန်သည်လဲ ဂျာပေါင်အားခေါ်ပြီး ချန်ဟယ်နန်းခန်မဆောင်သို့ရောက်လာခဲ့သလို ဆုန်ရိယွင်နှင့် ယုချင်းတို့သည်လဲ သူတို့ရဲ့သမီးတွေကိုခေါ်၍ ချန်းဟယ်နန်းခန်းမဆောင်သို့ရောက်လာကြလေသည်။

ယုချင်းတို့လဲ အိမ်ရှေ့စံမင်းသားကိုတွေ့သည်နှင့် အလေးမြတ်ပြုအရိုသေပေးနှုတ်ဆက်လေသည်။
''အိမ်ရှေ့စံအရှင်မင်းသား......''

"ထိုင်ကြ..."ရွှမ်းရန်ဟန်ချန်သည်ဂျာပေါင်အား ထိုင်မယ့်ထိုင်ခုံဆီသို့ ခေါ်သွားပေးလေသည်။''ဒီနေ့က အရှေ့နန်းဆောင်ရဲ့သီးသန့်တွေ့ဆုံပွဲပါ။အများကြီးယဉ်ကျေးနေဖို့ မလိုပါဘူး။''

ထို့နောက် ရွှမ်းရန်ဟန်ချန်သည်ဂျာပေါင်အား သမီးကြီးဖြစ်တဲ့ ဆုန်ရိယွင်၏သမီး-ခန်းအာနှင့်လည်ကောင်း သမီးငယ်ဖြစ်တဲ့ ယုချင်း၏သမီး-ခန်းအော် နှင့်လည်းကောင်းမိတ်ဆက်ပေးလေသည်။

ခန်းအာသည် အရင်ကတတ်တတ်ကြွကြွလေးရှိနေခဲ့တယ်ပေမယ့် ဂျာပေါင်အားကြည့်မိတဲ့အချိန်မှာတော့ တွန့်ဆုတ်တွန့်ဆုတ်လေးဖြစ်နေခဲ့လေသည်။ သူ့စိတ်ထဲတွင်တော့  ကြောက်ရွံ့တုန်လှုပ်စိတ်သာလျင် ကြီးစိုး၍နေ၏။

ရွှမ်းရန်ဟန်ချန်သည် အရင်ဆုံး ဆုန်ရိယွင် နှင့် ယုချင်းတို့ သမီး၂ယောက်ရဲ့ကျန်းမာရေးအခြေနေများကိုမေးမြန်းပြီးနောက်တွင်တော့ ထမင်းစားပွဲပြင်ရန်ရံရွေတော်များအား အမိန့်ပေး လိုက်လေသည်။

နန်းတော်မှအစေခံများသည်လဲ မွှေးကြိုင်ပြီး အနံ့အရသာပြည့်ဝသည့် ငါးဟင်းလျာများကိုသယ်ဆောင်၍ လာ၏။ရွှမ်းရန်ဟန်ချန်သည်လဲ အနည်းငယ်စိတ်လှုပ်ရှားပြီးကြောက်
လန့် နေပုံရသော သူ့ခလေးငယ်လေး၏မျက်နှာကိုတွေ့လုက်တာကြောင့် စားပွဲအောက်မှနေ၍ အကောင်ပေါက်လေး၏လက်သေးသေးလေးကို ဆုတ်ကိုင်ဖြစ်ညစ်ထားလိုက်လေသည်။

ဂျာပေါင်သည် ရွှမ်းရန်ဟန်ချန်၏ အားပေးမှုကို ခံစားလိုက်ရတာကြောင့် သူ့ရဲ့မတည်မငြိမ်ဖြစ်နေတဲ့စိတ်ကို ဖြည်းညှင်းစွာ ဖြေလျှော့လိုက်နိုင်လေသည်။ဂျာပေါင်သည် နန်းတော်၏စားသောက်ပုံအမူအကျင့်ကောင်းတွေနှင့် ရင်းနှီးကျွမ်းဝင်နေပြီးဖြစ်လေရာ သူ့ရဲ့စားသောက်ပုံမှာလဲ လွန်စွာမှသေသပ်ညှင်သာ၍ ကြည့်နေသူကို မျက်စိမလွှဲအောင်ပင်ဖြစ်စေလေသည်။

မင်းကို ချစ်​မဝ​သေးလို့(BL Novel,Myanmar tran)Where stories live. Discover now