Ch-24 Uni

2.8K 450 32
                                    

အခန်း-၂၄
.....

နောက်ရက်အနည်းငယ်အတွင်းမှာလဲ လင်တ,လီတို့လင်မယားဟာ လင်တ,ကျွမ်းတို့အိမ်ကို မကြာမကြာလာလည်နေတော့၏။ဒီလင်မယားအား လင်တ,ကျွမ်းတို့အိမ်တွင် တွေ့ရဖန်များလာသည့်အခါမှာတော့ ရွာသူရွာသားတွေဟာ လင် ညီအကိုတွေပြန်လည်သင့်မြတ်သွားကြပြီဟု အလိုလိုကောက်ချက်ချလိုက်ကြတော့သည်။

အဲ့ဒီ့နောက်မှာလဲ လင်ချန်အာသည်သူ့ယောကျာ်းကိုခေါ်ပြီး အလည်အပတ်ရောက်လာပြန်၏။ လင်ချန်အာ၏ ယောကျာ်းသည် သူ့ကိုယ်သူပညာရေး၌ပါရမီပါသူဟု မှတ်ယူထားတာကြောင့် စာအုပ်စာပေတွေကိုဝယ်ယူလေ့ရှိ၏။ထိုဝယ်ထားတဲ့စာအုပ်များအတွက်လင်ဂျာဝမ် ရဲ့ မှတ်ချက်နှင့်မေးမြန်းပညာစမ်းစရာအချို့လဲရှိတာကြောင့်  အလည်ပတ်ခရီးတွင် စာအုပ်များကိုပါ သယ်ဆောင်လာခဲ့လေသည်။

ဂျာဝမ်သည် ထိုအူကြောင်ကြောင်စာအုပ်များကိုဖတ်ရင်း ခေါင်းကိုက်နေတော့၏။ သို့ပေမဲ့ ဂျာဝမ်ဟာယဉ်ကျေးစွာပဲ အလွန်စိတ်ရှည်ရှည်ထား၍ အကြောင်းရာအချို့ကိုတော့ ရှင်းပြဆွေးနွေးပေးခဲ့သည်။

ဂျာဝမ်အနေနဲ့ လင်ချန်အာရဲ့ယောကျာ်း သူ့အရည်ချင်းကို သူ့ဘာသာအရှက်ရသွားပြီး မခံမရပ်နိုင်ဖြစ်ကာ ယုံကြည်မှုကျဆင်းသွားမှာကိုမလိုလားပါချေ။ဒါပေမဲ့ ဒီခေတ်နောက်ကျနေတဲ့ အူကြောင်ကြောင်အတွေးခေါ်အရေးသားများက သူ့ရဲ့ဉာဏ်ရည်ကိုထိခိုက်စေတယ်လို့ ခံစားနေရလေသည်။

တကယ်တော့ လင်ချန်အာရဲ့ယောကျာ်းက လင်ရွာလို့လိုက်မလာချင်ခဲ့ဘူး။ဒါကြောင့်ပဲ သူတို့အကြိမ်ရေအနည်းငယ် ပြသာနာဖြစ်ခဲ့ရသေးသည်။လင်ချန်အာရဲ့ယောကျာ်းတွေထားတာက ဒီလင်မျိုးရိုးက အသိပညာဘာမှမယ်မယ်ရရမရှိဘူး ကံကောင်းလို့သာ ပြည်နယ်အဆင့် ပညာရှင်စာမေးပွဲကိုအောင်မြင်ခဲ့တာဟူ၍ပင်။

ဒီထွားကြိုင်းသန်မာလှတဲ့ ကိုယ်ဟန်နဲ့လင်ဂျာဝမ်ကိုကြည့်ပါလား? သူ့ရဲ့ဘယ်နေရာကများ ပညာရှင်ဆိုတဲ့ပုံရိပ်နဲ့ကိုက်ညီလို့လဲ...။ပညာသင်ဆုရကျောင်းသားဆိုတာ သူ့လိုအသွင်ပြင်မျိုးရှိနေရမှာ.....။ပြီးတော့သူ့အနေနဲ့လဲ လာမယ့်နှစ် သိပ္ပံစာမေးပွဲကိုအောင်မြင်စွာဖြေဆိုနိုင်ဖို့ ယုံကြည်ချက်အပြည့်ရှိနေလေသည်။

မင်းကို ချစ်​မဝ​သေးလို့(BL Novel,Myanmar tran)Where stories live. Discover now