Ch-47

1.7K 173 7
                                    

Unicode
....
အခန်း-၄၇

မိဖုရားကြီးသည် ခပ်ဝေးဝေးသို့မရောက်ခင်မှာပဲ ခြေချော်၍ မြေကြီးပေါ်သို့ပုံလျက်ပြုတ်ကြသွားလေ၏။

"အဆင်ပြေပါရဲ့လား မယ်မယ်ကြီး " ဂျာပေါင်သည် ရှေ့သို့တိုးသွားပြီး မယ်မယ်ကြီးကိုတွဲထူလိုက်လေသည်။

''ဟင်း နာနေတယ်''ဘယ္မိဖုရားကမ်ား ဒီလောက်ကြမ်းကြမ်းတမ်းတမ်းပြေးလွှားဖူးလို့လဲ....။

မိဖုရားကြီး၏ကိုယ်လုံးသည် ခပ်ပြည့်ပြည့်ထဲတွင်ပါဝင်ပါသော်လည်း ဂျာပေါင်သည် အများကြီးတွေးတောမနေတော့ပဲ မယ်မယ်ကြီးအား ကျောပိုးရန်လုပ်လိုက်တော့သည်။ သူ့ခန္ဓာကိုယ်သေးသေးလေးက မယ်မယ်ကြီး၏ ခပ်ပြည့်ပြည့်ကိုယ်လုံးအောက်တွင် နစ်မြုပ်သွားသလိုခံစားနေရပေမဲ့လဲ ဂျာပေါင်ကတော့ အံ့ကြိတ်ကာတောင့်ခံထားလေ၏။

ဂျာပေါင်သည် သူ့ရဲ့အားတွေကိုအားကုန်စိုက်ထုတ်ပြီး မယ်မယ်ကြီးကိုကျောပိုးလျက် ရှေ့သို့သာဦးတည်ပြေးတော့၏။

ဂျာပေါင်သည် ထိပ်ထိပ်လန့်လန့်ဖြင့် နန်းတော်ရှိလမ်းများကိုကွေ့ပတ်ပြေးပြီးနောက် သူပုန်များကိုခြေရာဖျောက်လိုက်နိုင်လေတော့သည်။

လည်ပင်းမှာ ချေွးတွေစီးကျနေတဲ့ လင်ဂျာပေါင်(ကျားပေါင်) ကို ကြည့်ပြီး ဒီကောင်ငယ်လေးက ပိန်လွန်းတယ်လို့တွေးမိနေလေသည်။ဒါပေမဲ့ ဒီဖြူလျော့လျော့ပိန်သေးသေး အကောင်ငယ်လေးက သူမကိုကျောပိုးပြီး တော်တော်ဝေးဝေးထိ ခေါ်လာခဲ့လေသည်။

မိဖုရားကြီးသည် အနီးနားတွင် ဘယ်သူ့အရိပ်ယောင်မှမတွေ့ရတာကြောင့် "အောက်ချပေးတော့...မင်း အရမ်းပင်ပန်းနေပြီ ဖြည်းဖြည်းချင်းလမ်း လျှောက်သွားကြတာပေါ့...''

ဂျာပေါင်က သူ့ချေွးတွေကို လက်နဲ့သုတ်လိုက်ပြီးနောက်
"မပင်ပန်းပါဘူး မယ်မယ်ကြီး ဒီအတိုင်းနည်းနည်းဝေးဝေးကို ထပ်သွားကြရအောင်ပါ...။ မယ်မယ်ကြီးကိုလူဆိုးတွေ ဖမ်းမိသွားလို့ မျဖစ္ဘူး...''

ရွာမှာကြီးပြင်းခဲ့တာက သူ့အတွက်ကံကောင်းတယ်လို့ပြောရမှာပဲ။လမ်းအများကြီးလျှောက်ခဲ့ရတော့ သူ့ရဲ့ခြေထောက်တွေက ထင်ထားတာထက်ပိုပြီးတော့ သန်မာနေခဲ့လေသည်။ဂျာပေါင်သည် အတတ်နိုင်တောင့်ခံ၍ လမ်းအချို့ကိုဖြတ်ပြေးနေဆဲဖြစ်သည်။

You've reached the end of published parts.

⏰ Last updated: Feb 06 ⏰

Add this story to your Library to get notified about new parts!

မင်းကို ချစ်​မဝ​သေးလို့(BL Novel,Myanmar tran)Where stories live. Discover now