Ch-35

2K 291 7
                                    

Unicode
...
မင်းကိုချစ်မဝသေးလို့
အပိုင်း(၃၅):
...

ဒါဟာ ဂျာပေါင်အနေဖြင့် ပထမဆုံးအကြိမ်လူအများရှေ့ပေါ်ထွက်လာခြင်းဖြစ်တာကြောင့် အားလုံးရဲ့စိတ်ဝင်စားမှုအလုံးစုံကို ရယူသိမ်းပိုက်ထားပြီး စပ်စုချင်စရာကြီးဖြစ်နေတော့သည်။အားလုံးကလဲ အိမ်ရှေ့စံမင်းသား၏မျက်နှာသာပေးမှုကိုသိမ်းပိုက်ထားနိုင်တယ်ဆိုတဲ့ ဒီကြီးမြတ်လှပါတဲ့ဒွိလိင်ကောင်လေးကို သတင်းစကားတွေမပါပဲ မျက်ဝါးထင်ထင်ရှုမြင်၍ ဝေဖန်သုံးသပ်နေကြလေသည်။

ထိုင်ခုံများကိုဧကရာဇ်နှင့် ဧကရီတို့နေရာယူမည့်နေရာနှင့် မျက်နှာချင်းဆိုင်တွင် အရှေ့နှင့်အနောက်၂ခြမ်းခွဲ၍နေရာချထားလေသည်။ ထိပ်ဆုံးနေရာတွင် ဧကရာဇ်နှင့်မိဖုရားတို့နေရာယူလိုက်ကြ၏။ အိမ်ရှေ့စံမင်းသား ရွှမ်းရန်ဟန်ချန်၏နေရာသည်ကား အရှေ့ဖက်ခြမ်း၏ပထမဆုံးနေရာဖြစ်သည်။

သူ့နောက်တွင် မင်းသား၂ ရွှမ်းရန်ဟန်ချီ၊ပြီးတော့ မင်းသား၃၊မင်းသား၄ အဲ့ဒီ့နောက်မှာမှ မင်းသမီးတွေ အသီးသီးနေရာယူထားကြလေသည်။ အနောက်ဖက်ခြမ်းတွင်တော့ ဧကရာဇ်ထံ အနည်းငယ်ထက် ပိုပြီးခ,စားခွင့်ရတဲ့ကိုယ်လုပ်တော်ကြီး၊ သူမရဲ့နောက်မှာတော့ ဆွေတော်မျိုးတော်တွေနှင့်သူတို့ရဲ့မိန်းမတွေ... အိမ်ရှေ့စံမင်းသားတို့လိုပဲ အတွဲလိုက်ပွဲတက်ကြပြီး အတူထိုင်ကြတာဖြစ်သည်။

လက်ရှိအချိန်တွင် အိမ်ထောင်ရှိသူမှာ အိမ်ရှေ့စံမင်းသားတစ်ယောက်ထဲသည်ဖြစ်ပြီး ကျန်,မင်းသားများသည် ဘယ်မိန်းခလေးနှင့်မျှ ပတ်သတ်နေခြင်းမျိုးမရှိသေးချေ။

ကိုယ်လုပ်တော်ယုနှင့်ဆုန်တို့သည်လဲ အနောက်ဘက်ခြမ်းတွင် ထိုင်နေကြလေသည်။ဆုန်ရိယွင်ကတော့ ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘာမှထူးထူးခြားခြားခံစားနေရတဲ့ပုံမပေါ်ချေ။ သို့ပေမဲ့ ဆုန်ရိယွင်တစ်ယောက်ကတော့ မနာလိုဖြစ်လွန်းလို့ လက်သီးသာ ခပ်တင်းတင်းဆုပ်မိထားလေတော့သည်။ဒီဒွိလိင်ကောင်လေးကဘာလို့ အိမ်ရှေ့စံမင်းသားရဲ့ဘေးမှာ ထိုင်နေရတာလဲ.......!

ဧကရာဇ်နှင့်ဧကရီမိဖုရားတို့ နှစ်ယောက်လုံးက အိမ်ရှေ့စံမင်းသားရဲ့အပြုမူကိုမြင်တွေ့နေကြပေမဲ့လဲ သူတို့မျက်လုံးထဲတွင်တော့ သူတို့ရဲ့သားတော်ဟာ စည်းမျဉ်းချိုးဖောက်နေတယ်လို့မြင်နေပုံမရချေ။ နှစ်ယောက်လုံးကပေါ့ပေါ့ပါးပါးဖြင့်ပင် ပုံမှန်အတိုင်းရယ် မောနေကြသေး၏။ အံ့သြဟန်လုံးဝကို မပြကြဘူး! ဒါတွေကြောင့်ပဲ လူတွေကဒီလင်ရှောင်ဇူဟာ ဘယ်လိုပုဂ္ဂိုလ်များပါလိမ့်ဆိုပြီး ပိုပိုပြီးစပ်စုချင်နေကြတော့လေသည်။

မင်းကို ချစ်​မဝ​သေးလို့(BL Novel,Myanmar tran)Where stories live. Discover now