Ch-45

731 90 0
                                    

Unicode
...
မိဖုရားကြီးသည် ဂျာပေါင်၏နူးနူးညံ့ညံ့စိတ်ထားလေးနှင့်ရိုကျိုးတတ်ပုံလေးကို တွေးမိတာကြောင့်
''အန္ဇူ.... နောက်ကျရင်အိမ်ရှေ့မင်းသားမပါပဲ ယုံရှောင်နန်းဆောင်ကို မလာခဲ့နဲ့...။ဒီကိုမင်းနေ့တိုင်း ရောက်လာတာက သိပ်ပြီး မသင့်တော်ဘူး...''

မယ်မယ်ကြီး၏စကားကိုကြားပြီးနောက် ဂျာပေါင်သည် အနည်ငယ်တုံ့ဆိုင်းသွားပြီးမှ မရဲတရဲသံလေးဖြင့်
"အန္ဇူကဘာလို့ လာလို့အဆင်မပြေတာလဲဟင်....?'

အဲ့ဒီ့အချိန်မှာပဲ ကျောက်ယန်သည် အလောတကြီးဖြင့် "ဧကရီမယ်မယ်ကြီး လျှို့အန်ဗိမာန်ကျောင်းမီးလောင်နေပါတယ်..."

"ဘာလိုဖြစ်တာလဲ၊ မီးကမ်ားလား" လျှို့အန် ဗိမာန်သည် ယုံရှောင် နန်းဆောင်အနီးရှိ နန်းဆောင်တစ်ခုဖြစ်သည်။အရင်က ဧကရာဇ်မင်း၏ ကိုယ်လုပ်တော်တွေနေထိုင်ခဲ့ဖူးပေမဲ့ အခုနောက်ပိုင်းတော့ အဲ့ဒီ့နေရာက လစ်လပ်နေခဲ့တာလဲဖြစ်သည်။ဘယ်သူမှမရှိတဲ့ အဲ့ဒီ့နေရာက ဘယ်လိုများဖြစ်ပြီး မီးထလောင်ရတာလဲ....။မိဖုရားကြီးသည် တအံ့တသြစဉ်းစားနေခဲ့လေသည်။

"ဘယ္ကေန ဘယ္လိုမီး,စလောင်လဲဆိုတာတော့ သေချာမသိပါဘူး မယ်မယ်ကြီး...!အပူချိန်လွန်ကဲလို့ ဖြစ်နိုင်ပါတယ်။အရာရှိကြီးတွေက နန်းတော်စောင့်တပ်သားတွေကို မီးငြိမ်းခိုင်းထားပါတယ်။ကျွန်တော်မျိုးမ,ကေတာ့ မကြာခင်ပဲ မီးငြိမ်းသွားမယ်လို့ ထင်ပါတယ် ယုံရှောင်နန်းဆောင်ဖက်ကို မီးမကူးလာနိုင်ပါဘူး'' ကျောက်ယန်က ပြန်လည်ဖြေကြား၏။

"မီးလောင်ရတဲ့ အကြောင်းရင်းကို စစ်ဆေးကြည့်ဖို့ အစောင့်တွေကို ခိုင်းလိုက်ဦး!မီး,စာက်န္မက်န္ကိုလဲ သတိထားပြီး သေချာစစ်ဆေးကြည့်ဖို့ပြောလိုက် ....'' ဧကရီမိဖုရားကြီး သည် ကျောက်ယန်အား ညွှန်ကြားလေသည်။

"မှန်လှပါ!'' ကျောက်ယန်သည် အရိုသေပေး၍ နောက်သို့ ပြန်လည်ဆုတ် ခြာကာ ထွက်သွားလေ၏။

မိဖုရားကြီးသည် ဂျာပေါင်ဘက်သို့ ပြန်လှည့်၍
''ငါပြောချင်တာက မင်းအနေနဲ့ ယုံရှောင်နန်းဆောင်ကို နေ့တိုင်းလာစရာမလိုဘူးလို့ပြောချင်တာ.... နားလည်ရဲ့လား....''

မင်းကို ချစ်​မဝ​သေးလို့(BL Novel,Myanmar tran)Where stories live. Discover now