Ep-16.1🚨🚨🚨 Unicode

5.8K 424 3
                                    

မင်းကိုချစ်မဝသေးလို့
အပိုင်း(၁၆): အိမ်ပြန်လမ်း (Part-1)
.....
18+အကြောင်းရာများပါဝင်လို့ warningပေးပါတယ်
🚨🚨🚨🚨🚨

ဖြည်းဖြည်းချင်းခရီးနှင်နေသောမြင်းရထားပေါ်တွင် တိတ်ဆိတ်စွာငြိမ်သက်စွာဝမ်းနည်းငိုကြွေးနေသည့် လင်ဂျာပေါင်အား ရွှမ်းရန်ဟန်ချန်တစ်ယောက် မသက်မသာကြည့်ပြီးနောက်နှစ်သိမ့်စကားဆို၏။

''အိုး! ခလေးလေး ဘာတွေအဲ့လောက်အရမ်းဝမ်းနည်းနေရတာလဲ....။ နောက်ကျရင်လဲ မင်းမိသားစုနဲ့တွေ့ရဖို့ ကိုယ်
စီစဉ်ပေးမှာပေါ့! မငိုနဲ့တော့နော်။''

"တကယ်...တကယ်လား?"

"မင်းရဲ့ယောကျာ်းကို ထပ်ပြီးမယုံပြန်ဘူးလား....ဟမ့်!
မင်းကကိုယ့်အတွက်တော့အရေးပါဆုံးနဲ့ တန်ဖိုးအထားရဆုံး ရတနာလေးပါပဲ။မင်းသာအလိုဆန္ဒရှိရင်ဘာပဲဖြစ်နေနေမင်းရဲ့ဒီယောကျာ်းက အရာအားလုံးကိုကျေကျေနပ်နပ်ဖြည့်ဆည်းပေးမှာပါ။

ဒါကြောင့်မင်းရဲ့မိသားစုကို စာပို့ပြီးဆက်သွယ်ချင်တာဖြစ်ဖြစ် မင်း,စုထားတဲ့ပစ္စည်းလေးတွေပြန်ပို့ပေးချင်တာဖြစ်ဖြစ် ဘာမှစိတ်မပူပါနဲ့ ။ကိုယ်အားလုံးကို မင်းစိတ်တိုင်းကျဆောင်ရွက်ပေးပါ့မယ် ဟုတ်ပြီလား။''

"ယောကျာ်းက ဂျာပေါင်အပေါ်မှာအရမ်းကောင်းတာပဲ။ကျေးဇူးတင်ပါတယ် ယောကျာ်း...'' 

လင်ကျားပေါင်(ဂျာပေါင်)သည် နန်းတော်၏ တင်းကြပ်သော စည်းမျဉ်းများကို သတိရမိလေသည်။ အိမ်ရှေ့စံသည်သူ့အတွက်ကြောင့် စည်းမျဉ်းအချို့အားမျက်ကွယ်ပြုခဲ့သည်ကိုတွေးမိတာကြောင့် ကျေးဇူးတင်စကားပြောလိုက် ၏။

"မင်းရဲ့နှုတ်ခမ်းပါးလေးတွေကနေပဲ ကျေးဇူးတင်စကားပြောလို့မရဘူးလေ  ကလေးလေး.. .." ရွှမ်းရန်ဟန်ချန်သည် ဂျာပေါင်(ကျားပေါင်)အား စူးနှစ်စွာကြည့်ရင်းပြောလိုက်သည်။

လင်ဂျာပေါင်(ကျားပေါင်)သည်လဲ ရွှမ်းရန်ဟန်ချန် ၏နှုတ်ခမ်းတို့အား သူ့နှုတ်ခမ်းသေးသေးလေးဖြင့် အတင်းဖိကပ်နမ်းလိုက်လေ၏။

ရွှမ်းရန်ဟန်ချန် က နှစ်လိုဖွယ်ပြုံးလိုက်ပြီး
"မရသေးဘူး ခလေးလေး''

မင်းကို ချစ်​မဝ​သေးလို့(BL Novel,Myanmar tran)जहाँ कहानियाँ रहती हैं। अभी खोजें