Ep-15.2 Unicode

3.1K 428 5
                                    

မင်းကိုချစ်မဝသေးလို့
အပိုင်း(၁၅):ပြန်လည်တွေ့ဆုံခြင်း (Part-2)
....

လင်,တကျွမ်းဟာ ကုန်းကုန်း၏စကားကိုနားထောင်ပြီးနောက် စိတ်သက်သာရမရသည့်အပြင်ပိုပိုပြီးတောင် စိုးရိမ်လာလေ၏။ ဒါပေမဲ့လဲလင်ဂျာပေါင်ရောက်ရှိလာမှာကိုသာ ငြိမ်ငြိမ်လေး စောင့်ဆိုင်းနေခဲ့ကြသည်။

ရွှမ်းရန်ဟန်ချန် နံနက်စောစော ဖျင်အော်နန်းဆောင်မှပြန်သွားခဲ့ပြီး အခုနောက်တစ်ကြိမ်ဖျင်အော်နန်းဆောင်ကိုယွမ်ဖူနှင့်အတူ ပြန်ရောက်လာပြန်တာဖြစ်၏။ နန်းဆောင်နားရောက်လာတော့ ဂျာပေါင်(ကျားပေါင်)တစ်ယောက် နန်းဆောင်ဝန်းထဲဆင်း၍ သူ့အားထွက်စောင့်နေသည်ကိုတွေ့လိုက်ရသည်။

ရွှမ်းရန်ဟန်ချန်၏နှုတ်ခမ်းတို့သည် ကြည်နူးမှုနဲ့အတူ လှစ်ခနဲတွန့်ချိုးသွားလေသည်။ဂျာပေါင်(ကျားပေါင်) သည် သူ့မိသားစုနှင့် တွေ့ဆုံရမည်ကိုသိပြီးကတည်းက တော်တော်လေးစိတ်လှုပ်ရှားနေပြီး တငိုငိုတရယ်ရယ်ဖြစ်နေခဲ့တာကြောင့် သူ့မှာထိုခလေးငယ်လေးအား ညကအချိန်အတော်ကြာအောင် ချော့မော့နေခဲ့ရ၏။

အခုသူပြန်ရောက်လာတော့ ထိုကောင်ငယ်လေးသည် မနေ့ည,ကနှင့်မတူညီစွာ လွန်စွာမှတတ်ကြွပျော်ရွှင်နေဟန်ရှိလေသည်။ဒီကောင်ငယ်လေးပျော်ရွှင်တတ်ကြွနေတာ သူ့ကြောင့်မဟုတ်ဘူးလို့တွေးမိပြန်တော့ အနည်းငယ်မနာလိုဖြစ်မိပြန်၏။

ဒီနေ့ လင်ဂျာပေါင်(ကျားပေါင်)တော်တော်လေးဝတ်စားပြင်ဆင်ထားတာဖြစ်သည်။ ချူးယိနှင့်ချူးချင်တို့သည် ရှောင်ဇူးတစ်ယောက် ယနေ့တွင် သူ့မိသားစုနှင့် တွေ့ဆုံမည်ကို သိရှိပြီးဖြစ်တာကြောင့် အထူးပင်ရွေးချယ်ဝတ်ဆင်ပေးထားတာဖြစ်၏။

လင်ဂျာပေါင်(ကျားပေါင်)သည် အပြာရင့်ရင့်ဝတ်စုံကို ဝတ်ဆင်ထား၏။ ထိုဝတ်စုံပေါ်ကပန်းထိုးများမှာလည်း အလွန်ကိုလက်ရာမြောက်လှပပြီး အလွန်လှပပြီးလက်အစွန်အနားကို  ရွှေချည်ထိုးများဖြင့်အနားသတ်ထားလေသည်။အင်္ကျီ၏အရောင်ထင်ဟပ်လျက်ရှိသော ဂျာပေါင်(ကျားပေါင်)၏  အသားအရည်သည် လွန်စွာမှကြည်လင်ပြီးတောက်ပ၍နေလေသည်။

မင်းကို ချစ်​မဝ​သေးလို့(BL Novel,Myanmar tran)Where stories live. Discover now