Ch-28

2.9K 430 12
                                    

Unicode
..
ထို့နောက် ယွမ်ဖူ သည် ရွှမ်းရန်ဟန်ချန်နှင့် ဂျာပေါင်တို့အား မြင်း ရထားပေါ်မှဆင်းနိုင်ရန် ကူညီဆောင်ရွတ်ပေး၏။ဟုန်ယန်းစားသောက်ဆိုင်သည် သူ့နယ်ပယ်တွင်တော်တော်လေးအောင်မြင်မှုရထားတဲ့ စီပွားရေးလုပ်ငန်းဟုဆိုနိုင်သည်။ရွှမ်းရန်ဟန်ချန် တစ်ယောက် ဒီစားသောက်ဆိုင်ကိုရွေးထားခြင်းသည် တော်တော်လေးအရွေးတော်ပြီး စေ့စပ်သေချာတယ်လို့ပြောလို့ရသည်။

သူတို့ရောက်လာတဲ့အချိန်ကစောပြီး ညနေစာ,စားချိန်မဟုတ်သေး တာတောင်မှ ဆိုင်အတွင်းမှာ လူပြည့်နေပြီဖြစ်သည်။သူတို့လဲ စားသောက် ဆိုင်အတွင်းသို့ရောက်သွားရော အစောင့်တွေသည်လဲ အလျှိုုလျှိုုပျောက်သွားတော့သည်။

ရွှမ်းရန်ဟန်ချန်တို့အုပ်စုကတော့ တတိယထပ်ရှိ သီးသန့်ခန်းကို သွားလိုက်ကြ၏။ဒီအခန်းသည် ဟုန်ယန်းစားသောက်ဆိုင်၏အကောင်းဆုံးအခန်းဖြစ်သလို မြို့တော်ရဲ့ရှုခင်းကိုကြည့်လို့အကောင်းဆုံးအခန်းဆိုလဲမမှားချေ။ဒီအခန်းရဲ့ပြတင်းပေါက်ကနေ အပြင်ကိုကြည့်လိုက်ရင် အနောက်ပိုင်းမြို့တော်ရဲ့လမ်းတော်တေယ်များများ ကို သေချာမြင်တွေ့နိုင်လေသည်။  နှင့်အဖွဲ့သည် အံဝင်ခွင်ကျအခန်း၏ တတိ ယထပ်သို့ သွားကြသည်။

ဲပြောရမယ်ဆိုရင်တော့ ဒါဟာ စားသောက်ဆိုင်ပိုင်ရှင်ကိုယ်တိုင် အိမ်ရှေ့စံမင်းသားအတွက် ပြင်ဆင်နေရာပေးထားတာဖြစ်လေသည်။ဂျာပေါင်ကတော့  ပြတင်းပေါက်ကနေ လမ်းပေါ်ရှိသွားလာနေကြသော လမ်းသွားလမ်းလာများ နှင့် ဈေးရောင်းသူများကို လှမ်း၍ကြည့်နေလေသည်။  သူ့အတွက်တော့ အရာအားလုံးဟာဆန်းသစ်နေပြီး စိတ်ဝင်စားစရာကောင်းနေခဲ့ပါတယ်....။

ဟုန်ယန်လုံ ည် ဟုန်ယန်း၏ ချက်ပြုတ်ရေးကို အထူးတာဝန်ယူ၏။ ဒီအဆောက်အဦးတွင် ကျန်းနန်မှ အထူးဖိတ်ကြားထားသော စားဖိုမှူးများစွာလဲရှိသည်။

"ဒီမှာ ဟွိုင်ယန်းရဲ့အစားအစာတွေ ခလေးတို့ တောင်ပိုင်းသားတွေရဲ့ အကြိုက်တွေဟုတ်ရဲ့လား...'' ရွှမ်းရန်ဟန်ချန်က လင်ဂျာပေါင်အား ညှင်သာစွာပြောလိုက်၏။
''ထမင်းစားပြီးရင် မင်းကိုဈေးတန်းထဲလိုက်ပို့ပေးမယ်....''

မင်းကို ချစ်​မဝ​သေးလို့(BL Novel,Myanmar tran)Where stories live. Discover now