Ch-18.2 Unicode

2.9K 378 4
                                    

မင်းကိုချစ်မဝသေးလို့
အပိုင်း(၁၈):ကတိပေးခြင်း(Part-2)
......

ရွှမ်းရန်ဟန်ချန်သည် ဂျာပေါင်၏ခန္ဓာကိုယ်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားရင်း သူ့ရဲ့တောက်လောင်နေသောစိတ်ဆန္ဒကို သူကိုယ်တိုင်သိသိသာသာခံစားမိနေ၏။လင်ဂျာပေါင်သည်လဲ ရွှမ်းရန်ဟန်ချန်၏ းအပူကိုခံစားမိလိုက်တာကြောင့် သူ့ရဲ့ရှန်ကုန်းအား အံ့သြနေသောမျက်လုံးများဖြင့် ပြူးကြောင်ကြောင်လေး စိုက်ကြည့်နေမိလေသည်။

ရွှမ်းရန်ဟန်ချန်သည် ခလေးငယ်လေးရဲ့အူလည်လည်ဖြစ်နေတဲ့ အမူအယာလေးကို သဘောကျရယ်မောလိုက်ပြီး
"ခလေး! မင်းကိုယ့်ကိုကိုယ် ယုံကြည်မှုရှိစမ်းပါ။ ကိုယ့်ကိုဆွဲဆောင်နိုင်ဖို့အတွက် မင်း,ကြီးပြင်းလာတဲ့အထိစောင့်စရာမလိုပါဘူး။ဒါပေမယ့် မင်းကြီးပြင်းလာတာကိုတော့ ကိုယ်,စောင့်ဖို့လိုတယ် ဒါမှမင်းကိုစိတ်ချလက်ချစားလို့ရမှာလေ...!''

ရွှမ်းရန်ဟန်ချန်၏ဆာလောင်မှုဖြင့်တောက်လောင်နေသော မျက်လုံးရိုင်းများကြောင့် လင်ဂျာပေါင်မှာမျက်နှာပူနေပြီး ရှက်ရွံ့စွာ ခေါင်းငုံ့ထားလိုက်ရတော့၏။

ရွှမ်းရန်ဟန်ချန်ကမူ ထိုငုံ့သွားသောခေါင်းလေးကို လွှတ်မပေးဘဲ သူ့လက်ဖြင့်ဆွဲမော့ထားလိုက်ပြီး ခလေးငယ်၏ နဖူး၊ မျက်ခုံးနဲ့ ပါးလေးတွေကို မွတ်သိပ်စွာနမ်းရှိုက်လိုက်၏။ထို့နောက် လင်ဂျာပေါင်၏ လည် တိုင်လေးဆီသို့ဆက်ဆင်းသွားပြီး နက်နက်ရှိုင်းရှိုင်းနမ်းရှိုက်နေရာမှဂျာပေါင်၏ လည်ပင်းအင်္ကျီစအားဖွင့်ရန် ကြိုးပမ်းနေပြန်လေသည်။

"အင်း... ရှန်ကုန်း..... ရှန်ကုန်း မှာ...တခြားမိန်းခလေးဘယ်နှစ်ယောက်ရှိသေးတာလဲ?ဂျာပေါင်တခါမှ မြင်ဖူးဘူး"  လင်ဂျာပေါင်သည်တုံ့ဆိုင်းစွာမေးလိုက်၏။သူ့ရဲ့အဖေ လင်,တကျွမ်းသည်လဲသူနှင့်ပြန်တွေ့တုန်းက ဒီလိုအလားတူမေးခွန်းမျိုးကို သူ့အားမေးခဲ့ဖူးလေသည်။

ရွှမ်းရန်ဟန်ချန်သည်ကား ဂျာပေါင်၏ ညှပ်ရိုးတို့အား တ,တိ တိစားသုံးနေလေသည်။ ခလေးငယ်စိတ်ရှုပ်နေရတဲ့ပြဿနာကို အရင်ရှင်းပေးလိုတာကြောင့် သူ့ရဲ့လုပ်လက်စအလုပ်ကိုရပ်လိုက်ပြီး ဂျာပေါင်၏ မျက်နှာလေးကိုမော့ကြည့်၍

မင်းကို ချစ်​မဝ​သေးလို့(BL Novel,Myanmar tran)Where stories live. Discover now