Synopsis

54.7K 1.2K 39
                                    

(Unicode)

ဇာတ်လမ်းအကျဥ်း

Fic Title - " My Lawless Lawyer "

" ငါ့ရဲ့ တရားမရှိ၊ ဘုရားမရှိ ရှေ့နေ "

Chapter - ခန့်မှန်း (၄၅) ပိုင်း။

Author - ကိုကိုး (Ko_Koe)

Cv Photo - Credit To Pinterest

မင်းသား အသက် ငါးနှစ်မှာ မင်းသားရဲ့ အဖေက သေသွားတယ်။ ဘာကြောင့်မှန်း မသိပေမဲ့ အဖေမရှိတော့ဘူး ဆိုတာကိုပဲ သူသိရတယ်။ ဒါကြောင့် သူက ငယ်ကတည်းက သူ့အဖေ သေရတဲ့ အကြောင်းအရင်းကို သူက ဖော်ထုတ်ဖို့အတွက် ရည်မှန်းချက်ထားတယ်။

မိသားစုကြီးမှာ အဖေ့ရဲ့အဖေ သူ့အဖိုးက အာဏာအရှိဆုံးပဲ။ အမွေဆက်ခံဖို့ လူမရှိတဲ့အတွက် သူ့အမေကို အဖေ့ရဲ့ညီ သူ့ဦးလေးအရင်းနဲ့ ပေးစားလိုက်တယ်။

တကယ်တော့ အဖေမရှိတော့ရင် သားက အမွေဆက်ခံပိုင်ခွင့်ရှိပေမဲ့ သူ့ဦးလေးရဲ့ စနပ်တွေကြောင့် ဒီလိုတွေ ဖြစ်လာတယ်။ ဒါပေမဲ့ သူ့ဦးလေးက မိသားစု လုပ်ငန်းတွေကို စီမံနေရပေမဲ့ ဒါက ထိန်းသိမ်းရုံသာ ဖြစ်တယ်။ မင်းသားအသက် ၂၀ ပြည့်ရင် ဒီအရာအားလုံးကို မင်းသားကို ပြန်လွှဲပေးရမှာဖြစ်တယ်။

ဒါတွေကြောင့် သူ့ဦးလေးက သူ့ကို မုန်းတယ်။ အမေ့ရှေ့မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံပေမဲ့ ကွယ်ရာမှာ နှိပ်စက်တယ်။ ပြီးတော့ နည်းမျိုးစုံနဲ့ သူ့ကို ဒုက္ခပေးတယ်။ သူ့ဦးလေးမှာ တကယ်တော့ မိန်းမရှိတယ်။ အဲမိန်းမက မိသားစုကြီးထဲ ဝင်ခွင့် မရှိတာကြောင့် အငယ် အနှောင်းသာ ဖြစ်တယ်။ သူ့အမေကိုလည်းယူထားပေမဲ့ ဒါက အမွေအတွက်ပဲ။ ကွယ်ရာမှာ အမြဲနှိပ်စက်တယ်။

သူ့အမေက သူ့ကြောင့် ဒီကိစ္စတွေကိုတစ်ယောက်တည်းပဲ ခါးစီးခံတယ်။ ဒါပေမဲ့ သူ့အသက် ၉ နှစ်မှာ သူ့အမေက အိမ်တွင်းအကြမ်း ဖက်မှုကြောင့် သေဆုံးသွားတယ်။ အဲဒီနောက်ပိုင်းမှာ အချိန်အားလုံးက သူ့အတွက် ငရဲခန်းပဲ။ သူ့ကို ရိုက်နှပ်ပြီး ၅ ရက်တိတိ အိပ်ခွင့်မပေးဘူး။ နောက်တော့ မအိပ်ရတဲ့အတွက် ကြောင်သွားတဲ့အခါ အဖိုးကို ခေါ်ပြပြီး သူက ရူးသွားပါပြီလို့ လုပ်တယ်။ ပြီးတော့သူ့ကို အခန်းထဲမှာပဲ တိုက်ပိတ် ထားလိုက်ကြတယ်။

My Lawless Lawyer (Complete - BL)Where stories live. Discover now