C - 10

6.4K 366 9
                                    

(Umicode)

အခန်း | ၁၀ |

" နေကိုးဟန်သာ ဝင်လာလို့ရပါပြီ "

မိမိနာမည်ကို ခေါ်လိုက်သံကြားသည်နှင့် ခေါင်းက ဆက်ကနဲ မော့သွားသည်။ ထို့နောက် တဖန် သူက နေရာမှ ထလိုက်ပြီး လည်စီးကို လက်ဖြင့် အသာ ဖြေလျှော့လိုက်ပြီးနောက် အခန်းတံခါးဝတွင် ရပ်နေသည့် အမျိုးသမီးဝန်ထမ်းအား အကြည့်တစ်ချက်ပို့ကာ ခေါင်းကို ဆက်ကနဲသာ ညိတ်ပြလိုက်ပြီး အခန်းထဲသို့ ဝင်လိုက်သည်။

တွေဝေ ငေးငိုင်ကာ ကျန်ခဲ့ရသူက အခန်းဝ၌ ရပ်နေသည့် သူဇာပင်။ သူမ၏ အကြည့်က ကျောခိုင်းသွားသူ​ နောက်သို့သာ မခွဲမခွာ လိုက်ပါ မိသွားပြီးနောက်မှ အသိဝင်ကာ ခေါင်းကို ချက်ချင်း ယမ်းလိုက်သည်။ ထို့နောက် သူမက သူ၏ နောက်မှ လိုက်ဝင်သွားပြီး မှိုင်းသိဂ္ဂါကို၏ အနောက်၌ ရပ်လိုက်သည်။

နေကိုးဟန်သာသည် ခန်းမအတွင်း ရှေ့သို့သာ လျှောက်သွားလိုက်ပြီး လူမရောက်သေးခင်တွင် အကြည့်တစ်ချက်ကို အရင် ပို့လွှတ်လိုက်သည်။ စားပွဲ၏ အဓိကနေရာတွင် ထိုင်နေသည့် လူအား မြင်သည့်အခါ သူ့မျက်တောင်များက အနည်းငယ် ကော့ညွတ်သွားသော်လည်း ထိုအရာက စက္ကန့်ဝက်မျှသာ ဖြစ်သည်။

သူက ခုံ၌ မထိုင်မီ အားလုံးကို တစ်ချက်ကြည့်ကာ ခေါင်းညိတ်လိုက်ပြီး နောက်မှ နေရာ၌ ဝင်ထိုင်လိုက်သည်။ သူ၏ အပြုအမူကြောင့် အကဲဖြတ် အဖွဲ့ဝင်များက တစ်ဦးကို တစ်ဦး မျက်ရိပ်ပြ ကြည့်လိုက်ကြပြီး သဘောကျစွာ အသာ ပြုံးလိုက်ကြ လေ၏။

" နာမည်က နေကိုးဟန်သာနော် "

" ကိုယ်ရေးမှတ်တမ်း မဖတ်ရသေးဘူးလား "

" ဟင်... "

" နာမည်က ကိုယ်ရေးမှတ်တမ်းထဲမှာ ပါတယ်လေ၊ အခုမှ မေးတာဆိုတော့ မဖတ်ရသေးဘူးလားလို့ မေးကြည့်တာ၊ ကြည့်ရတာတော့ ထင်ထားတာက ဟုတ်နေတာပဲ၊ ကိုယ်ရေးမှတ်တမ်းကိုတောင် မဖတ်ထားရသေးဘူးပဲ "

ကုမ္ပဏီ၏ ဒါရိုက်တာ တစ်ဦးဖြစ်သည့် ဦးဝဏ္ဏက လူငယ်၏ စကားကြောင့် တံတွေးနင်သွားကာ မျက်မှောင် ကြုတ်လိုက်ရသည်။ လူငယ်ကတော့ သူ့လုပ်ရပ်ကို သာမန်အရာ တစ်ခုကို ပြောလိုက်သကဲ့သို့ပင် အားနာသည့် အရိပ် အယောင်လည်း မပြ မင်သက်သွားသည့် ပုံစံလည်း မရှိဘဲ သည်အတိုင်း အရယ်အပြုံး ကင်းမဲ့လျက် မင်သေနေသည်။

My Lawless Lawyer (Complete - BL)Where stories live. Discover now