C - 12

5.6K 350 15
                                    

(Unicode)

အခန်း | ၁၂ |

ပထမဆုံး အလုပ်စဝင်သည့် နေ့၌ပင် အမှုများစွာ ကိုင်ရသည့် အတွက် သူက ခေါင်းကို ယမ်းလိုက်သည်။ ထို့နောက်တွင် သူက ကော်ဖီတစ်ခွက်ကို သကြားအနည်းငယ်သာ ထည့်၍ ဖျော်လိုက်ပြီး အလုပ်စားပွဲ၌ ထိုင်လိုက်သည်။

သူ၏ လက်အောက်၌ အလုပ်လုပ်ရသည့် သူများက သူ၏ အခန်းတွင်း၌ပင် ရှိနေသည့်အတွက် သူက စိတ်ရှုပ်မိသည်။ ပြည်ပတွင် သူက အဖွဲ့အစည်းကြီး တစ်ခု၌ ဥပဒေအကြံပေးအဖြစ် တာဝန်ယူခဲ့သည့် အခါ၌ပင် သူက တစ်ကိုယ်တည်းသာ အလုပ်လုပ်ခဲ့လေသည်။ သူက အဖွဲ့အစည်းနှင့် တစ်ကြိမ်တစ်ခါမှ အလုပ်မလုပ်ဖူးသည့် အတွက်ကြောင့်လည်း အဖွဲ့အစည်းနှင့် အလုပ်မလုပ်ချင်ပေ။

ယခု ကုမ္ပဏီ လက်အောက်၌ အလုပ် လုပ်ရမည် ဖြစ်လေရာ သူက ထိုအရာနှင့် ပတ်သက်၍ များစွာ စိတ်ထဲမထားတော့ပေ။ ပထမဆုံး အနေဖြင့် သူသည် အမှုဖိုင်တွဲများစွာကို ယူ၍ အမျိုးအစား ခွဲလိုက်သည်။

အမှုတွဲများသည် Floral ကုမ္ပဏီ၏ အိမ်ခြံမြေ အဝယ်အရောင်း ကိစ္စများ၏ ပြဿနာရပ်များပင်ဖြစ်သည်။ ပြဿနာရပ်ဟူသည် အချို့သော ရောင်းသူဝယ်သူများသည် စီးပွားရေးဆန်ခြင်း သို့တည်းမဟုတ် လူညစ်များပါရှိခြင်းကြောင့် အရောင်းအဝယ် ကိစ္စ၌ ပြဿနာရပ်များ ပေါ်လာခြင်းပင်။

ဥပမာအားဖြင့် ပထမရောင်းသူသည် ပထမမိသားစုမှ​ ဖြစ်ပြီး ဒုတိယမိသားစုဖြစ်သည့် ဖအေတူ မအေကွဲ (သို့) မအေတူ ဖအေကွဲ အိမ်ခြံမြေ အမွေဆိုင်အကွက်တွင် တစ်ဦးတစ်ဖက်တည်း သဘောတူမှုဖြင့် ရောင်းဝယ်မိခြင်း စသော ကိစ္စရပ်များကြောင့် ဖြစ်သည်။ ထို့အတူ ပထမရောင်းသူသည် အမည်ပေါက် လျှောက်ထားပြီးမှ ရောင်းဝယ်မိပြီး၊ ထိုသူ၏ ဆွေမျိုးနည်းစပ် တော်စပ်တူသည် အမည်ပေါက်ကို ဂရမ်အမည်ပြောင်း၍ အခြားတစ်ဖက်၌ ရောင်းဝယ်ထားပြီး စသော ကိစ္စရပ်များကြောင့်ပင် ဖြစ်လေ၏။

ယခု သူကိုင်ရသော အမှုများသည် ထိုကိစ္စရပ်များကြောင့် ဖြစ်ပေါ်လာသည့် အမှုများပင် ဖြစ်လေသည်။ သူက အမှုအမျိုးအစားများကို တူရာ တူရာ တစ်စုစီ စုပြီးနောက် ဖိုင်တွဲများကို ခွဲလိုက်သည်။ သူ၏ လက်အောက်၌ တာဝန်ယူထားသည့် အလုပ်သင် နှစ်ယောက်သည် သူ့ရုံခန်း၏ ထောင့်တွင် ခပ်ကုတ်ကုတ်ကလေး ထိုင်ကာ ခေါင်းချင်းဆိုင်နေကြ၏။

My Lawless Lawyer (Complete - BL)Where stories live. Discover now