C - 26

4.2K 254 36
                                    

(unicode)

အခန်း | ၂၆ |

” ဘယ်လိုတဲ့လဲ အဲကောင်လေး တစ်ခါတည်း သေသွားပြီတဲ့လား ကိုမောင် ”

ဦးဟန်သာမောင်သည် ခုတင်ထက်၌ ရှိနေပြီး သူ၏ရင်ခွင်ထဲ၌ မှေးစက်ကာ အနားယူနေသော သူ၏ဇနီး သွယ်သွယ်လှိုင်က မေးလိုက်ခြင်း ဖြစ်သည်။ ထိုအခါ သူက သက်ပြင်းရှည်ကို ချကာ လက်ထဲမှ စီးကရက်ကို ဖင်ဆီခံအထိ ခဲကာ ဆေးလိပ်ခွက်ထဲသို့ ထိုးချေလိုက်၏။

” မသေဘူးတဲ့ သွယ်ရေ၊ အဲကောင် သိပ်ကို အသက်ပြင်းတယ်၊ သူ့အဖေတုန်းကလိုပဲ ကားမှောက်ပြီး သွေးအလိမ်းလိမ်း ဖြစ်နေတာတောင် မသေလို့ အစ်ကို့ကောင်တွေကို သေရွာ ခပ်မြန်မြန် ပို့ခိုင်းလိုက်ရတယ် ”

ဦးဟန်သာမောင်က စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်သည့်အခါ ဒေါ်သွယ်သွယ်လှိုင်က ဦးဟန်သာမောင်၏ လည်တိုင်အား အနမ်းပေးလိုက်ရင်း စိတ်လျှော့ အဆင်ပြေသွားမှာပါဟူသည့် ပုံစံဖြင့် ကြည့်သည်။ ထိုအခါ ဦးဟန်သာမောင်က သက်ပြင်းကိုချကာ ဒေါ်သွယ်သွယ်လှိုင်အား အနမ်းပေးရင်း...

” ကဲ... အစ်ကိုသွားမယ် သွယ်၊ ဒီရက်ထဲ ကိစ္စတွေက သိပ်ကို အရေးကြီးနေတယ်၊ အဖေကလည်း အစ်ကို့ကို သိပ်ပြီး ယုံကြည်ပုံမရတော့ဘူး ဒါကြောင့် အစ်ကို ဒီည အဖေနဲ့ သွားတွေ့ဖို့ စီစဥ်ထားတယ် ”

ဦးဟန်သာမောင်က ပြောပြောဆိုဆိုနှင့် အိပ်ရာထက်မှ ထကာ ခုတင်ဘေးတွင် ချိတ်ထားသော အင်္ကျီကို လဲသည်။ ထို့နောက် နာရီကိုပတ်ရင်း ကားသော့ကိုယူကာ အိပ်ခန်းထဲမှ ထွက်လာလိုက်သည်။ အောက်ထပ်သို့ ဆင်းသည့်အခါ အပေါ်ထပ်သို့ တက်လာသည့် သူ့သမီးအမွန်အား တွေ့လိုက်ရသည်။ ထို့ကြောင့်...

” အမွန် သမီး ဒါဘယ်က ပြန်လာတာလဲ ”

သူက မေးလိုက်ပေမဲ့ သမီးဖြစ်သူက သူ့ကို တစ်ချက်ပင် လှည့်ကြည့်မသွားဘဲ အပေါ်သို့ တက်သွားသည်။ ထိုအခါ ဦးဟန်သာမောင်၏ မျက်နှာက ခက်ထန်သွားပြီး...

” အမွန် အဖေမေးနေတယ်လေ မင်းအခု အဖေကို ဘယ်လို အချိုး, ချိုးသွားတာလဲ ”

” အဟက်... ဘာကြီး အဖေလား၊ ဘယ်တုန်းက စပြီး ကိုယ့်ကိုယ်ကို အဖေတစ်ယောက်ဆိုတာကို နားလည်သွားတာလဲ မရှက်ဘူးလား ”

My Lawless Lawyer (Complete - BL)Where stories live. Discover now