Present Part 🔞🔞 Offical Finale.

3.9K 107 1
                                    

(Unicode)

Present Part 🔞🔞

ကောင်းကင်က သာယာကြည်နူးဖွယ်ကောင်းလွန်းလှပြီး နေ့တစ်နေ့၏ သာယာအေးချမ်းမှုကို သဘာဝသရုပ်က ဖော်ဆောင်နေ၏။ တစ်နေ့လုံးကြမ်းထားသမျှက ညမိုးချုပ်တော့ အတော်ကလေး နွမ်းလျနေပြီဖြစ်သည်။ အထူးသဖြင့် မှိုင်းသိဂ္ဂါကိုအတွက် ကိုယ့်ကိုယ်ကို နာကျင်စေလိုက်သည့် နေကိုးဟန်သာပင်ဖြစ်သည်။ ယခုတော့ သူက ဟိုတယ်ခန်း၏ ခုတင်ထက်တွင် အိပ်မောကျနေပြီဖြစ်၏။

မှိုင်းသိဂ္ဂါကိုသည် နိူးနေပြီဖြစ်ပြီး ကိုယ်ကိုဘေးတစ်ဖက်စောင်းကာ ခေါင်းကို လက်တင်အုံး၍ နေကိုးဟန်သာ၏ အိပ်စက်နေသောမျက်နှာပြင်အား အပြုံးတို့ဖြင့် ငေးကြည့်နေသည်။ သူက ချစ်ရသူ၏ မျက်နှာကိုငေးကြည့်သည့်အခါ ကြည့်မဝနိုင်မှုကို ခံစားနေရသည်။ ထို့အတူ သူ့အတွက် နေကိုးဟန်သာအနားတွင် ရှိနေလျက်နှင့်ပင် လွမ်းဆွတ်မှုကို ခံစားနေရသည်။

ကြည့်မဝနိုင်ခြင်း၊ ချစ်မဝနိုင်ခြင်းများအပြင် မယုံကြည်နိုင်ခြင်းများလည်း သူ့အတွေးထဲ၌ ရောပြွန်၍ ပါဝင်နေ၏။ အထူးသဖြင့် သူက နေကိုးဟန်သာအား ပိုင်ဆိုင်ပြီး သားနှစ်ယောက်ရရှိသည်ကိုပင် မယုံကြည်နိုင်သေးပေ။ အရာရာက အိပ်မက်ဆန်နေပြီး မြန်ဆန်မှုကို ခံစားနေရသည်။ သူကြည့်နေရင်း နေကိုးဟန်သာ၏ ခန္ဓာကိုယ်က လှုပ်လာကာ မျက်လုံးများပွင့်ဟလာသည့်အတွက် အသာမျက်လုံးမှိတ် ထားလိုက်၏။

နေကိုးဟန်သာက နိူးလာသည့်အခါ မှိူင်းသိဂ္ဂါကိုအား အသာငေးကြည့်သည်။ ထို့နောက် အိပ်နေသည့်လူနိုးသွားမည်စိုးသည့်အတွက် စောင်ကိုအသာဖယ်ကာ ခုတင်ထက်မှ ခပ်ဖွဖွထသည်။ သူက မှိူင်းသိဂ္ဂါကိုအား ကျောပေးလိုက်သည်နှင့် နွေးထွေးသည့်လက်တစ်စုံက သူ့ခါးကို သိုင်းဖက်လိုက်သည်။ သူက အသာပြုံးလိုက်ပြီး ခါးထက်မှလက်တစ်စုံကို သူ့လက်ဖြင့် အသာခပ်ဖွဖွကိုင်ရင်းပြောသည်။

" ကိုကို နိူးနေရင်လည်းထတော့လေ ပြန်ကြရအောင် ကိုယ် သားလေးတို့ကိုလွမ်းနေပြီ "

" ပြန်မှာပေါ့ကိုးရ ဒါပေမဲ့ နေ့တစ်ဝက်လောက်တော့ နေကြရအောင်နော် "

My Lawless Lawyer (Complete - BL)Where stories live. Discover now