C - 13

5.1K 313 9
                                    

(unicode)

အခန်း | ၁၃ |

သူအိမ်ကိုရောက်တော့ သူ၏ ကွန်ဒို အခန်း တံခါးက ပွင့်နေသည့်အတွက် သူက ရောက်လာသည့်သူကို အတတ်သိလိုက်သည်။ ရုတ်တရက် သူက မျက်မှောင်ကြုတ်ကာ အံ့သြသွားပေမဲ့ ချက်ချင်း ယင်းမျက်မှောင်က ​ပြေလျော့သွားသည်။ သူ့အိမ်သော့ကို ပေးထားသည့်သူက တစ်ယောက်သာ ရှိသည်။ ထိုသူက သူမဟုတ်ဘဲ သူမပင် ဖြစ်သည်။

တံခါးကို ဖွင့်ကာ အိမ်ထဲဝင်လိုက်ပြီး ဖိနပ်စင်နားတွင်ထိုင်ကာ ဖိနပ်ကို ချွတ်လိုက်၏။ ထိုစဥ် အနောက်မှ မွှေးပျံ့သည့် နာမည်ကြီး ရေမွှေးနံ့က သူ့နှာသီးဝကို လာတိုက်ခတ်ပြီး နွေးထွေးသော အထိအတွေ့က သူ့ကျောပြင်ကို သိုင်းဖက်၍ ထားသည်။ သူက သတိထားမိပေမဲ့ ထိုလက်တွေကို မဖယ်ခွာဘဲ ဖိနပ်ကြိုးကို ဖြုတ်နေရင်းဖြင့်သာ ပြောလိုက်သည်။

" ဒါက မြန်မာပြည်နော် ကတ်သရင်း ပြည်ပမှာမဟုတ်ဘူး၊ အပြုအမူတွေကို နည်းနည်းတော့ ဆင်ခြင်ပါအုံး "

" အို... ကိုးရယ် သရင်းသိပါတယ်၊ ဒါပေမဲ့ အခု အိမ်ထဲမှာက ကိုးနဲ့သရင်းပဲ ရှိတာလေကွာ ဘာကို ဂရုစိုက်ရမှာလဲ၊ အပြင်ရောက်မှ... "

" တော်တော့... အခုကတည်းက မင်းရဲ့ အပြု အမူတွေကို မဆင်ခြင်ရင်၊ အပြင်ရောက်ရင် ပိုဆိုးဖို့ပဲ ရှိတယ် ဒီတော့ အခုကတည်းက မင်းရဲ့ အပြုအမူတွေကို ဆင်ခြင်လိုက် "

သူက ချွတ်ပြီးသား ဖိနိပ်ကို ဖိနပ်စင်ပေါ်သို့ တင်လိုက်ရင်း ပြောသည်။ ထို့နောက် ကတ်သရင်း၏ လက်ကို ဖြုတ်ချလိုက်ပြီး အိမ်ထဲသို့ လှမ်းဝင်လိုက်သည်။ ကတ်သရင်း၏ မျက်နှာက အနည်းငယ် ပျက်ယွင်းသွားပြီး...

" ကိုး... မင်းမျက်နှာက ဘာဖြစ်နေတာလဲကွာ ဟိုမှာဆို ​ဒီလိုမဟုတ်ပါဘူး "

" ကိုယ် ပြောပြီးသွားပြီလေ ကတ်သရင်း၊ ဒါမြန်မာပြည်လို့ အနောက်နိုင်ငံ မဟုတ်ဘူး၊ ဒါကြောင့် အနောက်တိုင်းဆန်တဲ့ အပြုအမူတွေကို ထိန်းဖို့လိုတယ် "

" ဒါပေမဲ့... အခုလောက်အထိ ခါးခါးသီးသီး ဖြစ်ဖို့လိုလို့လား ကတ်သရင်းနဲ့ ကိုးနဲ့က အဲလောက်အထိ စိမ်းကားရမဲ့ လူတွေမှ မဟုတ်တာကို ကိုးရယ်... "

My Lawless Lawyer (Complete - BL)Where stories live. Discover now