C - 42

3.4K 190 9
                                    

(unicode)

အခန်း | ၄၂ |

” လာပါကိုးရဲ့ ဒီဆိုင်ကပစ္စည်းကောင်းပါတယ်၊ ပြီးတော့ ဒီဇိုင်းလည်း ဆန်းတယ် ကိုးကြိုက်မှာပါ ”

” ဟေ့လူ ခင်ဗျားစကားကိုကြည့်ပြော၊ ကိုယ်မကြိုက်တာလား ခင်ဗျားမကြိုက်တာလား၊ ဒါနဲ့ဆို ဘယ်နှဆိုင်ရှိနေပြီလဲ၊ ကိုယ် ခင်ဗျားကို ဒီလောက်ချေးများလိမ့်မယ်လို့ ထင်မထားဘူး၊ ဦးမှိုင်းသိဂ္ဂါကို ခင်ဗျားကတကယ့်ကို ဂွစာပဲသိလား၊ ခင်ဗျားလုပ်ပုံက ဝတ်စုံလိုက်ရွေးတာနဲ့မတူတော့ဘူး၊ ကိုယ့်ကို မန္တလေးတစ်မြို့လုံးကသိအောင် လိုက်ကြွားနေသလို ဖြစ်နေပြီ ”

နေကိုးဟန်သာက မှိုင်းသိဂ္ဂါကို၏ မျက်နှာကိုကြည့်ကာ ကရားရေလွှတ်သကဲ့သို့ ပြောသည်။ သူတို့နှစ်ယောက်က မင်္ဂလာပွဲအတွက် ဝတ်စုံလိုက်ရွေးနေကြခြင်းပင် ဖြစ်သည်။ ဖိတ်စာနှင့် အခြားလိုအပ်သည်များကို သော်ကနှင့်ရဲကျော်တို့က စီစဥ်နေပြီး အမွန်ကပါ ဝိုင်းဝန်းကူညီသည်။ မနက်ကတည်းက ထွက်လာခဲ့သည်ဖြစ်သော်လည်း ယခုအထိ သူကြိုက်သည့် ဝတ်စုံမျိုး မတွေ့ရသေးသည်ဟု အကြောင်းပြကာ တစ်ဆိုင်ပြီးတစ်ဆိုင်သွားနေသော မှိုင်းသိဂ္ဂါကိုကား သူက အတော်ဒေါပွနေခြင်းလည်း ဖြစ်သည်။

ယခုထိလည်း ဘာမှမစားရသေးသည့်အပြင် မန္တလေးမြို့၏ အပူရှိန်ကြောင့်လည်း သူက စိတ်အိုက်နေပြီဖြစ်သည်။ အနေရခက်သည်ကို အကြောင်းရှာစရာမရှိသည့်အချိန်တွင် မှိုင်းသိဂ္ဂါကိုကြောင့် သူက စိတ်ထွက်ပေါက် ရလာခဲ့သည်။ ထို့ကြောင့်လည်း သူက လူရှေ့မရှောင်တော့ဘဲ ဖိပြောလိုက်ခြင်း ဖြစ်သည်။

မှိုင်းသိဂ္ဂါကိုက သူ့အား ဒေါသနှင့် ကပ်ကပ်လန်အောင်ရန်တွေ့နေသော စွာတေးလန်လေးအား ပြုံး၍ကြည့်လိုက်သည်။ နေပူဒဏ်ကြောင့် မျက်နှာနှင့်လည်ပင်းတို့က နီရဲနေပြီး နှုတ်ခမ်းအထက်နားတွင် ချွေးကလေးများ ရစ်သီနေသည့် ထိုကောင်လေးအား အသည်းယားလွန်းလှပြီ ဖြစ်သည်။ သို့သော်လည်း လမ်းမအလယ်ခေါင်မို့ သူက စိတ်ကိုထိန်းချုပ်ကာဖြင့်...

” ဒီတစ်ဆိုင်နောက်ဆုံးပါပဲ ကိုးရဲ့၊ လာပါ ကိုယ်ကတိပေးတယ် ဒီဆိုင်မှာမှ ကိုယ့်အကြိုက်မတွေ့ရင်... ”

My Lawless Lawyer (Complete - BL)Where stories live. Discover now