C - 34

3.7K 245 37
                                    

(unicode)

အခန်း | ၃၄ |

သူနိုးလာတော့ နောက်ကျောက အတော်ကလေး နာကျင်ကာ အောင့်နေသည်။ မျက်လုံးတို့က ပြာဝေနေသည့်အတွက် အချိန်အတော်ကြာ ပုတ်ခတ်ပုတ်ခတ် ပြုလုပ်ပြီးမှ ကြိုးစားကာ ဖွင့်လိုက်သည်။ သူပထမဆုံးမြင်လိုက်သည့်အရာက သူနှင့်ရင်းနှီးသော မျက်နှာနှစ်ခုပင်။ နှစ်ယောက်လုံးက သူ့အား စိုးထိတ်နေသော မျက်ဝန်းတို့ဖြင့် ကြည့်နေကြသည်။

ဦးကျော်စွာသည် သူသတိရလာသည့်အခါမှ သက်ပြင်းဖွဖွကို ခိုးချသည်။ ထိုလူကတော့ သူနိုးလာသည့်အခါ သူ့အား ပြုံး၍ကြည့်ပြီး အနားသို့တိုးကပ်လာသည်။

” ကိုးလေး သတိရလာပြီလား၊ ငါဘယ်သူလဲ သိလား၊ မင်းဘာဖြစ်သွားလဲရောသိလား ကြည့်... ငါ့လက်ကိုကြည့်လိုက် ဒါဘယ်နှချောင်းလဲ ”

သူ့အားကြည့်ကာ လက်တွေထောင်ပြလိုက် မေးခွန်းတွေမေးလိုက်နှင့် လုပ်နေသည့် ထိုလူကြောင့် သူ့ရင်ထဲ နွေးသွားရသည်။ ထို့နောက်တွင် မေတ္တာအပြည့်ဖြင့် ထိုလူ၏ ရင်ဘက်အား တံတောင်နှင့်တွတ်လိုက်ပြီး ပြီတီတီမျက်နှာဘေးဖြင့် ပြောလိုက်သည်။

” ကိုယ်အကုန်လုံး မှတ်မိတယ်ဗျ၊ ဘာလဲ ခေါင်းထိပြီး ရူးသွားပြီ ထင်လို့လား၊ ဦးမှိုင်းသိဂ္ဂါကို ကိုယ်အကြံပေးချင်တာက ခင်ဗျား မြန်မာကားတွေ လျှော့ကြည့်... ”

သူက ထိုသို့ပြောလိုက်သည့်အခါမှ ထိုလူက သက်ပြင်း ချပြီး တစ်ဖက်သို့လှည့်ကာ  စားစရာများကို ယူလာပြန်သည်။ သူငြင်းလျင်လည်း အတင်းကျွေးမည်ဖြစ်သောကြောင့် သူက အသာတကြည် ငြိမ်၍သာ ယူစားလိုက်သည်။ ဆန်ပြုတ်ပန်းကန်ကိုယူကာ မှုတ်ပြီးသူအတင်းကျွေးမည် လုပ်နေ၍ ဒုတိယအကြိမ် တံတောင်နှင့် တွတ်လိုက်ရသေးသည်။

သူက ဆန်ပြုတ်သောက်နေရင်း စကားပြောနေသည့် အခါတွင် အပြင်ဘက်မှ ခြေသံကြောင့် သူက အပြင်ဘက်သို့ ကြည့်လိုက်သည်။ ထိုအခါ ဂါဝန်အဖြူလေးကိုဝတ်ထားကာ ဆံပင်နှစ်ဖက်ကို ခွဲစည်းထားသည့်အမွန်က သူ့အား ညှိုးငယ်သော မျက်နှာဘေးနှင့်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

My Lawless Lawyer (Complete - BL)Where stories live. Discover now