C - 36

3.6K 217 39
                                    

(unicode)

အခန်း | ၃၆ |

ရှယ်ယာရှင် အားလုံးက ခေါင်းချင်းဆိုင်ကာ အကျပ် ရိုက်နေကြသည်။ နေကိုးဟန်သာ၏ စကားက သူတို့ကို ဆုံးဖြတ်ရ ခက်စေသည်။ နေကိုးဟန်သာကတော့ သူ့ထိုင်ခုံတွင် ခြေချိတ်၍သာ ထိုင်နေသည်။ ရှယ်ယာရှင်များသည် နောက်ဆုံးတွင် သဘောတူညီမှူတစ်ခုကို ရယူပြီးနောက် အားလုံးထဲမှ တစ်ယောက်က မတ်တပ်ရပ်၍ ပြောလာသည်။

” ကောင်းပြီ ဒီအခြေအနေအရဆိုရင် အန်ကယ်တို့အားလုံးက ဥက္ကဌအဖြစ် တူမောင့်ကိုပဲ ရွေးချယ်ရတော့မှာ ဖြစ်တယ်၊ ဒါပေမဲ့ ဘယ်လိုအရည်အချင်းရှိလဲဆိုတာ မသိရသေးခင် ဥက္ကဌအဖြစ်ကို လက်ခံလိုက်တာက အန်ကယ်တို့အတွက်လည်း ညံ့ဖျင်းရာကျတယ်၊ ဒါကြောင့် ငါ့တူအနေနဲ့ သုံးလအတွင်းမှာ ကုမ္ပဏီကို အကျိုးပြုစေမဲ့ ကိစ္စတစ်ခုကို လုပ်ပြပါ၊ အကယ်၍ ဒီရလဒ်က အန်ကယ်တို့အားလုံးကို သဘောကျစေမယ်ဆိုရင် အယ်ကယ်တို့အားလုံးက ငါ့တူကို ဥက္ကဌအဖြစ် တင်မြှောက်ပါ့မယ်၊ ငါ့တူရဲ့ သဘောကရော ကျေနပ်မှုရှိရဲ့လား ”

ယခုထပြောလိုက်သည့်သူက ဦးစိုင်းအောင်ဆိုသူပင် ဖြစ်သည်။ ဦးစိုင်းအောင်၏ စကားက အားလုံးသော ရှယ်ယာရှင်များ၏ စကားပင်ဖြစ်သည်။ နေကိုးဟန်သာက တစ်ချက်ပြုံးလိုက်သည်။ သူသည် စိန်ခေါ်မှုနှင့် ယှဥ်၍ လုပ်ရသည့်အလုပ်ကို သဘောခွေ့သူပင် ဖြစ်သည်။ ယခု ဦးစိုင်းအောင်၏ စကားကိုကြားသည့်အခါ သူက အလွယ်တကူပင် လက်ခံလိုက်သည်။

” ကောင်းပြီ အန်ကယ်ဦးစိုင်းအောင်ရဲ့ စကားကို ကိုယ်လက်ခံတယ်၊ အခုလိုအတွေးမျိုးရှိလို့လည်း ကိုယ့်ဘက်က ကျေးဇူးတင်ပါတယ်၊ အဘိုးရဲ့ ရှယ်ယာရှင်တွေက ထက်မြတ်တယ်ဆိုတာကိုလည်း ကိုယ်တစ်ခါတည်း သိလိုက်ရတယ်၊ ဒါဆိုရင် ဒီနေ့အစည်းအဝေးကို ဒီမှာပဲ သိမ်းကြမလား ”

သူက ​ပြောလိုက်သည့်အခါ အားလုံးကလည်း ခေါင်းညိတ်လိုက်ကြသည်။ နေကိုးဟန်သာသည် အားလုံးထွက်သွားသည့်အခါ ဦးကျော်စွာအား ကြည့်လိုက်သည်။ သူက ဦးကျော်စွာအားကြည့်ပြီး ထိုင်ခိုင်၌ ဝင်ထိုင်ရန် အရိပ်အ​ခြည်ပြသည်။ 

My Lawless Lawyer (Complete - BL)Where stories live. Discover now