C - 19

4.4K 269 20
                                    

(Unicode)

အခန်း | ၁၉ |

လမ်းတစ်လျှောက် ကားမောင်းလာသည်မှ အစပြု၍ အိမ်သို့ ရောက်သည်အထိ သူ့စိတ်တွေက ဂယောင်ခြောက်ခြားနှင့် အယောင်ယောင် အမှားမှားပင်။ တံခါးကိုဆွဲဖွင့်လိုက်ပြီး အိမ်ထဲသို့ တန်းဝင်သွားပြီးနောက်မှ ဖိနပ်မချွတ်ရသေးသည်ကို သတိထားမိကာ တစ်ခါပြန်လှည့်၍ ချွတ်ရသည်။

" နေကိုးဟန်သာ မင်းဘာဖြစ်နေတာလဲ "

သူက သူ့ကိုယ်က အသံထွက်၍ပင် အလိုမကျဟန်ဖြင့် မြည်တွန်တောက်တီးလိုက်သည်။ သူ သည်နေ့တွင် စိတ်တွေက ယောက်ယက်ခတ်၍ နေ၏။ အခါတိုင်းနေ့များတွင် သူက သည်သို့မဟုတ်ပေ။ ယခုတော့ ထိုလူ၏ အရိပ်တွေက သူ့ဘဝကို စိုးမိုးချင်နေသည်။ ဘယ်လိုမှ မေ့ဖျောက်၍ မရနိုင်သော ပုံရိပ်တို့က သူ့အာရုံထဲ စွဲထင်၍ နေ၏။

" ဟူး ခက်တာပဲ မင်းတော့ရူးနေပြီ "

သူက လေပူမှုတ်ထုတ်ကာ ခပ်ပါးပါးတွေးရင်း ခေါင်းကို ခါယမ်းကာ ထိုအတွေးများကို မေ့ပစ်ဖို့ ကြိုးစားလိုက်သည်။ ထို့နောက် ညနေစာအတွက် ပြင်ဆင်လေ၏။ အသားပြားကင်နေသည့် အချိန်တွင် ရေများလောင်းမိခြင်း၊ ဖျော်ရည်ထဲသို့ ငြုပ်ကောင်းမှုန့် ခတ်ခြင်းတို့ကတော့ သူ့အတွက် စိတ်ပျက်စရာပင်။

ရုတ်တရက် သူ့ကိုယ်သူ ပြန်ကြည့်မိတော့ သူ့ပုံစံက မချိုမချဥ်နှင့်...။ ထိုလူသည် သူ့ဘဝအား အမှန်တကယ် စိုးမိုးပစ်လိုက်တော့ မလိုပင်။ သို့သော် သူကရော ထိုသို့သော စိုးမိုးချယ်လှယ်မှုကို လက်ခံနိုင်ပါ၏လော။ မဖြစ်နိုင်ပေ။

" ဦးမှိုင်းသိဂ္ဂါကို ခင်ဗျားက ကိုယ့်အတွက်တော့ တကယ့်ကို မာရ်နတ်ပဲ၊ ကျုပ်ဘဝကို ဖျက်စီးဖို့သက်သက် ရောက်လာခဲ့လူ "

သူက ထိုလူ၏ ပုံရိပ်ကို မြင်ယောင်ရင်း အပြစ်တင်လိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်တွင် စွဲထင်နေသော ထိုလူ၏ ပျောက်ကွယ်လုစဲစဲ ကိုယ်သင်းရနံ့ကို ရှုရှိုက်ရင်း ခပ်ပါးပါးကလေး ပြုံးလိုက်သည်။ အမှန်တကယ်တော့ ထိုလူသည် သူ့ဘဝ၏ တစ်စိတ်တစ်ဒေသအား အမှန်တကယ်ပင် စိုးမိုးပြီးခဲ့ပြီ ဖြစ်လေသည်။

My Lawless Lawyer (Complete - BL)Where stories live. Discover now