C - 11

5.8K 346 12
                                    

(Unicode)

အခန်း | ၁၁ |

Floral အိမ်၊ ခြံ၊ မြေ အကျိုးဆောင် ကုမ္ပဏီမှာ ​လက်ရှိ မြန်မာနိုင်ငံတွင်တော့ ထိပ်တန်းရှိနေသည့် ကုမ္ပဏီတစ်ခုပင် ဖြစ်သည်။ Floral ကုမ္ပဏီတွင် ကွန်ဒိုတိုက်ခန်းများ၊ ဟိုတယ် မြေကွက်များ၊ အိမ်လုံးချင်းများ စသော လိုချင်သည့် အိမ်၊ခြံ၊မြေ၊ တိုက်ခန်း နှင့် ပတ်သက်၍ လိုအပ်သော အရာဟူသမျှကို ရနိုင်သည်။

ယင်းကုမ္ပဏီ၏ ပိုင်ရှင်မှာ လူငယ်တစ်ယောက်သာဖြစ်သည်ဟု အများက သိကြသော်လည်း ထိုလူငယ်ကိုကား မည်သူမျှ မ​မြင်ဖူးကြပေ။ စီးပွားရေး ကိစ္စ စကားပြောရသည့် အခါတွင် သူတို့၏ လူငယ်၏ အတွင်းရေးမှုးနှင့်သာ ပြောကြရသည်။ အသက်ငယ်ငယ်နှင့် စီးပွားရေးတစ်ခုကို အောင်မြင်အောင် စွမ်းဆောင်နိုင်သော ယင်းလူငယ်အား မြန်မာနိုင်ငံ၏ စီးပွားရှင် အများအပြားက သားမက်တော်ရန်အတွက် မျက်စိ ကျနေကြသည်။

သို့ပေမဲ့ သူတို့က လူငယ်အား သားမက်တော်ဖို့ ဝေးစွ။ ယခုအချိန်အထိ ယင်းလူငယ်မှာ မည်သို့ပုံစံမျိုး ရှိသည်ကိုပင် မမြင်ဖူးကြသေးချေ။

ယခု Floral ကုမ္ပဏီ၏ အောက်ထပ် ကားပါကင်သို့ နက်ပြာရောင် ကားတစ်စီးက မောင်းနှင်၍ ဝင်ရောက်လာသည်။ ယင်းကားသည် ယခုနှစ်၏ နောက်ဆုံးပေါ်ကားဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံ၌ပင် သုံးစီးသာရှိသော ကားပင်ဖြစ်သည်။ ယခု ထိုကားကလေးက ကားပါကင်လမ်းအတိုင်း ခပ်ဖြည်းဖြည်း ရွေ့လာသည့်အခါ လမ်းသွားလမ်းလာများနှင့် ကုမ္ပဏီ ဝန်ထမ်းအချို့၏ မျက်ဝန်းများက ယင်းကားရပ်သည်အထိ လိုက်ပါ၍ သွားကြသည်။

သို့သော် သူတို့၏ စပ်စုမှုက ထိုမျှနှင့် မပြီးသေးပေ။ ယင်းကား၏ ပိုင်ရှင်မှာ မည်သူဖြစ်နိုင်သည်ကို ကြည့်ရှု့ရန်အတွက်လည်း သူတို့၏ နားနှင့်မျက်စိကို စွင့်ထားကြသည်။ စက္ကန့်အနည်းငယ်အတွင်း ကားတံခါးသည် ပွင့်ဟ၍ လာပြီး ပြောင်းလက်နေသော ဖိနပ်ကို စီးထားသည့်ခြေထောက် တစ်ဖက်က အရင် မြေပြင်သို့ ကျဆင်းလာသည်။

ထို့နောက် ကျန်ခြေတစ်ဖက်က မြေပြင်ကို ထိကျလာပြီး လူငယ်တစ်ယောက်က ကားထဲမှ ထွက်လာသည်။ လူငယ်သည် အသားရောင် အင်္ကျီနှင့် ဘောင်းဘီရှည်ကို ဝတ်ဆင်ထားပြီး သူ၏လက်ထဲတွင် လက်ဆွဲသေတ္တာတစ်လုံး ပါသည်။ ဆံနွယ်များကို သေသပ်စွာ ဖြီးသင်၍ ထားပြီး မျက်မှန်အောက်မှ မျက်ဝန်းတို့က ရွှန်းလက်တောက်ပမှု အပြည့်ဖြင့် ရှိနေသည်။

My Lawless Lawyer (Complete - BL)Where stories live. Discover now