Extra Part - 2

3K 156 6
                                    

(Unicode)

Behind The Scene - 2

အခန်း | ၄၅ |

မန္တလေးမြို့သို့ ဝင်သည်နှင့် ဖုန်နံ့သင်းသင်း လေထုကို သူတို့စတင်၍ ရှူရှိုက်လိုက်ရသည်။ မှိုင်းသိဂ္ဂါကိုက သူတို့မိသားစု သည်ကနေ့လာမည့်အကြောင်းကို သူ့မယ်မယ်အား အသိပေးပြီးဖြစ်သည်။ ကလေးတွေကတော့ ခရီးတစ်ခုထွက်ရသည့်အတွက် အတော်ကလေး ပျော်ရွှင်နေကြသည်။ ခရီးပမ်းနေကြသည့်တိုင်အောင်ပင် မအိပ်နိုင်ဘဲ ပတ်ဝန်းကျင်အသစ် နေရာအသစ်ကို လမ်းတစ်လျှောက် စူးစမ်းနေကြလေ၏။

” နေရောင်မှိုင်း ခေါင်းကို အပြင်မထုတ်နဲ့လေ၊ ညို့မှိုင်းတောင် ထိုင်ပြီးကြည့်နေတာကို မင်းကဘာဖြစ် ”

” ကိုးရာ ကလေးတွေကိုလည်း နည်းနည်းလွှတ်ထားပေးလိုက်ပါ၊ ရန်ကုန်မှာဆို ကွန်ဒိုနဲ့ကုမ္ပဏီအပြင် သူတို့ဘယ်မှ ထွက်ရတာမှမဟုတ်တာ ”

” ကျစ်... ဦးမှိုင်းသိဂ္ဂါကို ခင်ဗျားက နေရာတကာ ရှေ့က ကာစီးကားစီးနဲ့ ပြီးရင် ခင်ဗျားလည်း နိုင်တာမဟုတ်ဘူး၊ ခင်ဗျား အဲလိုသာ အလို ကျပ်ကျပ်လိုက်သိလား၊ ကလေးတွေက ပိုပျက်စီးလာလိမ့်မယ် ”

မှိုင်းသိဂ္ဂါကို၏စကားကို နေကိုးဟန်သာက မလိုလားစွာ ပြောလိုက်သည်။ ထိုအခါ မှိုင်းသိဂ္ဂါကိုက ခေါင်းကိုအသာယမ်းကာ ကားကိုသာ ဆက်မောင်းနေလိုက်တော့သည်။ ​ကလေးနှစ်ယောက်ကတော့ လျှာလေးတစ်လစ်ထုတ်ရင်း ပျော်မြူးနေကြလေ၏။

” မင်းတို့နှစ်​ယောက်ကို ဖေဖေကြိုပြောထားမယ်နော်၊ အိမ်ကိုရောက်ရင် မယ်မယ့်ကို သိပ်ပြီးမနှိပ်စက်ကြနဲ့ မင်းတို့ဘွားဘွားက အသက်ကြီးနေပြီ၊ မင်းတို့နဲ့ လိုက်ဆော့မနေနိုင်ဘူး ကြားလား ”

” ဟုတ်ကဲ့ ဖေဖေ ”

” အေး ပြောရင်တော့ ဟုတ်ကဲ့ဖေဖေဆိုပြီး မယ်မယ့်ဆီရောက်ရင် လုပ်ချင်ရာလုပ်ကြမှာမလား ”

ညှိို့မှိုင်းလေး၏စကားကို နေကိုးဟန်သာက မျက်နှာတစ်ချက်မဲ့ရင်း ပြောသည်။ ညို့မှိုင်းကတော့ သူ့ဖေဖေ့စကားကို ထောက်ခံသည့်အလား ရယ်ကျဲကျဲနှင့်သာ သူ့အဖေအား ကြည့်လိုက်သည်။ မှိုင်းသိဂ္ဂါကိုက သားနှစ်ယောက်အား နောက်ကြည့်မှန်မှကြည့်ရင်း အသာ ပြုံးလိုက်သည်။ သားအဖနှစ်ယောက်ကိုကြည့်ရင်း နေကိုးဟန်သာက သက်ပြင်းသာချလိုက်တော့သည်။

My Lawless Lawyer (Complete - BL)Where stories live. Discover now