C - 7

5.3K 335 4
                                    

(unicode)

အခန်း | ၇ |

တစ်နှစ်...။ တစ်နှစ်ဟူသည့် အချိန်က ဒေါ်ကလျာပျို၏ ကျန်းမာရေးကို ဟိုးအောက်ဆုံးအထိ ထိုးချသွားဖို့ရန် အတွက် လိုအပ်သည့် အချိန်ထက်ပင် ပိုနေသေး၏။ နဂိုရ်ကတည်းက နှလုံးရောဂါအခံ ရှိသူမို့ တစ်နှစ်ကျော်အထိ ခံစားခဲ့ရသော အိမ်တွင်း အကြမ်းဖက်မှုနှင့် စိတ်ဆင်းရဲမှူက သူမ၏ ရောဂါကို ပိုကျွမ်းစေခဲ့သည်။ အဆိုးဝါးဆုံး ရလဒ် တစ်ခု အနေဖြင့် သူမကို နှလုံးအစားထိုး ခွဲစိတ်ဖို့ရန် အတွက်ပင် ဆရာဝန်များက လက်လျှော့ရ လောက်သည်အထိပင် ဖြစ်၍ သွား၏။

အသက် လေးဆယ်ပြည့်ရန် တစ်နှစ်သာလိုတော့သည့် ဒေါ်ကလျာပျိုက ငယ်ငယ်ရွယ်ရွယ်ဖြင့်ပင် သူ့သားငယ်လေး၏ အနားက ထွက်သွားရတော့မည်။ သေသေချာချာ တွေးကြည့်မည်ဆိုလျှင် အချိန်ကုန်တာက မြန်လွန်းသည်ဟုပင်။ နေကိုးဟန်သာ၏ အသက် တစ်ဆယ့်နှစ်နှစ် ကျော်ရုံကလေးသာ ရှိသေးသော်လည်း လပိုင်းလောက်သာ ခံတော့မည့် သူ့အမေဖြစ်သော ဒေါ်ကလျာပျို၏ ရောဂါသည် မျက်နှာကို မကြည့်ရက်တော့ပါ။

တစ်အိမ်လုံးက ပူဆွေး ဝမ်းနည်းနေသလောက် မျက်နှာတွင် အပြုံးမပျက်သည့်သူက ဦးဟန်သာမောင်ပင်။ ဒေါ်ကလျာပျို ထွက်ခွာသွားခြင်းက သူ့အတွက်တော့ အပျော်ဆုံးသော ဆန္ဒတစ်ခုပင်။ ငယ်ရွယ်သေးသော်လည်း အရာအားလုံးကို နားလည်နေပြီ ဖြစ်သည့် နေကိုးဟန်သာက ဦးဟန်သာမောင် အနေဖြင့် ဒေါ်ကလျာပျိုအား အဘယ့်ကြောင့် လက်ထပ်ခဲ့ရသည်ကို သိထားသည်။

နေကိုးဟန်သာသည် သူ ငယ်စဥ်ကတည်းက ဦးလေးဖြစ်သူ ဦးဟန်သာမောင်ကို သဘောကျခြင်း မရှိခဲ့ပါ။ ထိုအရာက သူ့ပေါ့တွင် သူ့အဖေ့ရှေ့တွင် တစ်မျိုး၊ သူ့အဖေ နောက်ကွယ်တွင် တစ်မျိုး ဆက်ဆံ ခံခဲ့ရသောကြောင့်လည်း ဖြစ်လိမ့်မယ်။ သို့ပေမဲ့ ထိုအချက်များ မပါခဲ့လျှင်ပင် လက်ရှိ အနေအထားကြောင့် သူက ဦးလေးဖြစ်သူ ဦးဟန်သာမောင်အား သဘောကျနိုင်ဖို့ မရှိခဲ့ပေ။ သူ့အဖေ မရှိတော့သည့် နောက်ပိုင်း သူ့ဘဝက သာမန်ထက် ပို၍ ခက်ခဲခဲ့သည်။

သူ သဘောမကျသည့် သူက သူ့ချစ်ရသော မိခင်၏ ယောကျ်ား ဖြစ်လာခဲ့သည်။ သူ့စိတ်ထဲ၌ အတွေး တစ်ခုသာ ရှိသည်။ ထိုအရာက ယခုကဲ့သို့ သူတို့မိသားစု အကြမ်းဖက်ခံနေရသည်ကို သူ့အဘိုးဖြစ်သူ ဦးဟန်သာမင်းမောင်က သည်အတိုင်း မသိကျိုးနွံပြုကာ ခွင့်ပြု ထားခဲ့သည်လား။ ပြောမည့်သာ ပြောရသည်။ တကယ်တမ်း လက်ရှိတွင် ဟန်သာမိသားစု၏ အလုပ်ကိစ္စအားလုံးကို လုပ်ကိုင်နေရသူက ဦးဟန်သာမောင်သာ ဖြစ်သည်။

My Lawless Lawyer (Complete - BL)Where stories live. Discover now