C - 22

4.4K 268 24
                                    

(unicode)

အခန်း | ၂၂ |

နေ့လယ်ခင်း တရားရုံး၏ ရုံးတော်အရှေ့ မျက်နှာစာတွင် လူအများ စုရုံးနေ၏။ အရွယ်စုံ လူစုံနှင့် ပုံစံမျိုးစုံသော လူတို့က အမှုတစ်ခုအတွက် လာရောက်ကြခြင်းပင်။ ဟန်သာမိသားစုဟူသည်က သာမန်မိသားစုတစ်ခု မဟုတ်ချေ။ မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ငန်းစု တစ်ဝက်ကျော်ခန့်ကို ချုပ်ကိုင်ထားသော မြန်မာပြည်၏ ထိပ်တန်းမိသားစုတစ်ခုပင်။

ယခု ထိုမိသားစုသည် တက်သစ်စ လုပ်ငန်းရှင်ကလေးနှင့် အမှုတစ်ခုကို အကြိတ်အနယ် ရင်ဆိုင်နေရသည်။ ဟန်သာမိသားစုဘက်မှ ရှေ့နေသည် မြန်မာပြည်၏ ထိပ်တန်းရှေ့နေဖြစ်ပြီး တစ်ဖက်မှ ရှေ့နေသည်တော့ ငယ်ရွယ်ကာ နာမည်မရှိသေးသည့် ရှေ့နေပေါက်စလေး တစ်ယောက်ပင် ဖြစ်သည်။

နေကိုးဟန်သာ။ ထိုအမည်က ယင်းရှေ့နေလေး၏ အမည်ပင်။ ဟန်သာဟူသော နာမည်က လူအများ၏ စိတ်ဝင်စားမှုကို အစွမ်းကုန် ရယူထားနိုင်သည်။ သို့လောသို့လော အတွေးများ စကားများသည်လည်း လုပ်ငန်းရှင်များအကြား လေနှင့်အတူ သယ်ဆောင်နေကြ၏။

” ဂျိမ်း... ”

ရုံးတော်၏ တံခါးမကြီးက ကျယ်လောင်စွာ မြည်၍ ပွင့်ဟသွားသည်။ အပြင်ဘက်မှ လူအများက အထဲသို့ စုရုံးကာ ဝင်ရောက်၍ သွားကြသည်။ သည်နေ့သည် အမှန်တကယ် အဆုံး အဖြတ် ပေးနိုင်သည့် နေ့ပင်ဖြစ်သည်။ ထို့အတူ နေကိုးဟန်သာ၏ ဝှက်ဖဲက မည်သည့်အရာ ဖြစ်နိုင်သည်ကိုလည်း ခန့်မှန်းနေကြ၏။

” ဥက္ကဌကြီးကို နှုတ်ဆက်ပါတယ် ”

ရုတ်တရက် အသံများက မီးကိုရေနှင့် ငြိမ်းလိုက်သကဲ့သို့ တိတ်ဆိတ်သွားကာ အားလုံးက ရုံးတော်ထဲ ဝင်လာသည့်လူကို နှုတ်ဆက်လိုက်ကြသည်။ ဦးဟန်သာမင်းမောင်သည် ဘီးတပ် ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး အတွင်းရေးမှုးဖြစ်သူ သိင်္ဂီက ဘီးတပ်ကုလားထိုင်ကို တွန်းပေးနေသည်။ သူတို့၏ နောက်တွင်တော့ အနက်ရောင်ဝတ် သက်တော်စောင့် သုံးဦးက အသင့်လိုက်ပါလာသည်။

ဦးဟန်သာမင်းမောင်က အားလုံးကို လက်တစ်ချက်ဝှေ့ယမ်းပြကာ သူ၏ ဒုတိယသားဖြစ်သူ ဦးဟန်သာမောင် ရှိရာသို့ သွားကာ သူ့ဘေး၌ ထိုင်လိုက်သည်။ ထို့နောက်တွင် သူက နေကိုးဟန်သာ ရှိရာသို့ အကြည့်တစ်ချက် ပို့လွှတ် လိုက်ရင်း မသိသလိုသာ ပြုလိုက်သည်။

My Lawless Lawyer (Complete - BL)Where stories live. Discover now