C - 15

4.9K 301 6
                                    

(unicode)

အခန်း | ၁၅ |

ကြီးကျယ်ခမ်းနာသည့် ခြံဝန်း၊ မြင့်မားသည့် အဆောက်အဦးနှင့် ခြံဝန်းထဲဝင်ရာ လမ်းတလျှောက် စီတန်းကာစိုက်ပျိုးထားသော ပန်းဥယျာဥ်ငယ်လေး။ အစစအရာရာသည် ခမ်းနားလွန်းလှပြီး တော်ဝန်ဆန်သည်။ ​ကာလတန်ဖိုးအနေဖြင့်ပင် သိန်းပေါင်း သောင်းချီ တန်ဖိုးရှိပြီး တော်ရုံလူ မဆောက်နိုင်သည့် ခြံဝန်းထဲသို့ ပြိုင်ကားတစ်စီးက ဖြည်းဖြည်းမှန်မှန် မောင်းဝင်၍ လာသည်။

ခြံထဲတွင် ဥယျာဥ်ထဲမှ ပန်းပင်များကို ပြုစုနေသည့်လူများနှင့် အခြားအရာများကို ပြုလုပ်နေကြသော လူများက ယင်းပြိုင်ကားကို အသာ ငေး၍ ကြည့်ကြသည်။ သို့ပေမဲ့လည်း သူတို့က အကြည့်တစ်ချက်မျှသာ ဖြစ်ပြီး ချက်ချင်း လုပ်လက်စအလုပ်ကို ဆက်၍ လုပ်ကိုင်ကြ၏။

သည်ခြံဝန်းထဲ ဝင်လာသည့် အချိန်ကတည်းက သူ့ရင်ထဲ တစ်စုံတရာ ခံစားနေရသည်။ ယခင် အမှတ်တရများစွာက သူ့ခေါင်းထဲသို့ စီရရီ ပြန်လည် ထွက်ပေါ်လာသည်။ ယခင်ကဆိုလျှင် သည်ဥယျာဥ်ထဲတွင် သူပြေးလွှား ဆော့ကစားတတ်သည်။ သူ့အမေက သူ့အား ဥယျာဥ်ငယ်လေး၏ ဘေး၌ရှိသော ဘန်ဂလိုလေးမှ ငေး၍ ကြည့်နေတတ်သည်။ အရာအားလုံးက အနှေးပြ မြင်ကွင်းတစ်ခုအနေဖြင့် သူ့အာရုံထဲ တဖျတ်ဖျတ် တလက်လက် ပေါ်လာသည်။

အိမ်၏ စင်ဝင်အောက်၌ ကားထိုးရပ်လိုက်သည်နှင့် ရင်းနှီးသော ပုံရိပ်တစ်ခုက အိမ်ထဲမှ ထွက်လာသည်။ ယခင်ကနှင့်စာလျှင် ထိုပုံရိပ်က အနည်းငယ် ဇရာအို၍ သွားသည်။ သို့ပေမဲ့ ယခင်ကအတိုင်း ဖြူစင်ကာ နှစ်လိုဖွယ်ကောင်းလှသည့် မျက်ဝန်းများကတော့ ယခုအချိန်အထိ တောက်တောက်ပပ ရှိနေဆဲပင်။

" ဘယ်သူနဲ့ တွေ့ချင်လို့ပါလဲရှင် "

" သြော်...ဟုတ်ကဲ့ ဦးဟန်သာမင်းမောင်များ ရှိသလား မသိဘူး "

" ဥက္ကဌကြီးနဲ့ တွေ့ချင်တာလား ကြိုချိန်းထားတာများ ရှိလားမသိဘူး "

" ဟုတ်ကဲ့ ကြိုချိန်းထားတာတော့ မရှိပါဘူး၊ ဒါ​ပေမဲ့ ဦးဟန်သာအောင်ရဲ့ ရင်သွေး၊ ဥက္ကဌကြီးရဲ့မြေးက တွေ့ချင်တယ်လို့သာ ပြောလိုက်ပါ "

My Lawless Lawyer (Complete - BL)Where stories live. Discover now