C - 39

3.7K 198 23
                                    

(unicode)

အခန်း | ၃၉ |

နောက်တစ်နေ့တွင် အမွန့်မေမေ၏ နာရေးကို မိသားစုနှင့် အသိမိတ်ဆွေ အနည်းငယ်နှင့်သာ အကျဥ်းချုံး၍ ဟန်သာမိသားစုအိမ်၌ ပြုလုပ်သည်။ အမွန့်မေမေ၏ ဝမ်းနည်းခြင်း အခမ်းအနားတွင် ဟန်သာမိသားစု၏ ဒုတိယချွေးမအဖြစ် နေကိုးဟန်သာက အသိအမှတ်ပြုကာ ကမ္ဗည်းထိုးပေးသည်။ အမွန့်ကိုလည်း သူ့ညီမအဖြစ် ကြေညာလိုက်သည်။

သူတို့က အကျဥ်းချုံးကာ ပြုလုပ်ချင်ကြသော်လည်း ဟန်သာမိသားစု၏ အရှိန်အဝါကြောင့် မီဒီယာများ တဖွဲဖွဲနှင့် လူများအုံနေကြသည်။ စီးပွားရေးလုပ်ငန်းရှင်ပေါင်း များစွာနှင့် အထက်တန်းပုဂ္ဂိုလ်များစွာက အားလုံး လာရောက်ကြသည်။ ဟန်သာမိသားစု၏ အမွေဆက်ဆံသူ အသိအလင်း ပေါ်ပေါက်လာပြီဖြစ်လေရာ အားလုံးကလည်း အကျိုးအမြတ်အတွက် လာရောက်ကြခြင်း ဖြစ်သည်။

နေကိုးဟန်သာသည် ထိုနေ့တွင် အမွန့်မေမေ၏ ဝမ်းနည်းခြင်း အခမ်းအနားအပြင် ဟန်သာမိသားစု၏ တည်ထောင်သူ၏ အခမ်းအနားနှင့် ပထမသားကြီးနှင့် ပထမချွေးမတို့၏ ဝမ်နည်းခြင်းအခမ်းအနားကိုပါ တွဲ၍ လုပ်ဆောင်ခဲ့သည်။ မီဒီယာများစွာက သူ့ထက်ငါ အလုအယက် အင်တာဗျုးရန် လာရောက်ကြသော်လည်း သူက ကေသီနှင့်သူရကိုသာ ထိုကိစ္စအား ဖြေရှင်းခိုင်းလိုက်သည်။

ဦးဟန်သာမောင်သည် တရားရုံး၌ သူ့အပြစ်အားလုံးကို ဝန်ခံခဲ့သည်။ သူက နောက်ဆုံးတွင် အတော်ကလေး နောင်တရသွားခဲ့သည်။ သူ့အဖေအားသတ်မှု၊ သူ့အဖိုးအား သတ်မှုတို့နှင့်အတူ အခြား အမှုများစွာကြောင့် ဦးဟန်သာမောင်သည် အလုပ်ကြမ်းနှင့် ထောင်ဒဏ် အနှစ် (၅၀) ချမှတ်ခြင်း ခံရသည်။ ထိုအရာက သူ့ကို အသက်သေဆုံးသည်အထိ ထောင်ထဲ၌သာ အရိုးထုတ်ရန် အမိန့်ချလိုက်ခြင်းနှင့် မခြားပေ။

ထောင်ထဲသို့ မပို့ခင် ဦးဟန်သာမောင်၏ နောက်ဆုံးဆန္ဒကို ရုံးတော်မှ မေးသည့်အခါ ဦးဟန်သာမောင်က သူ့အား အရာအားလုံးအတွက် တောင်းပန်ကြောင်းနှင့် အမွန့်ကို စောင့်ရှောက်ရန်မှာသည်။ ထိုအခါ သူက အနည်းငယ် စာနာမိသည့်အတွက် အမွန့်အား အမျိုးမျိုးဖြောင့်ဖြ၍ ထောင်ထဲသို့ မပို့ခင် ဦးဟန်သာမောင်အား သူ့သမီးနှင့် တွေ့ခွင့်ရရန် စီစဥ်ပေးခဲ့သည်။

My Lawless Lawyer (Complete - BL)Where stories live. Discover now