C - 14

4.8K 308 12
                                    

(unicode)

အခန်း | ၁၄|

ယနေ့ ကားကျပ်သည်။ ရန်ကုန်မြို့တွင် ကားကျပ်ခြင်းက သာမန်သာ ဖြစ်ပြီး သူ၏ အဓိက အကြောင်းပြချက်က ရုံးချိန်ကို သာမန်ထက် နောက်ကျမှ ထွက်မိခြင်းပင်။ ယခင်ကဆိုလျှင် အိမ်မှ နာရီဝက်ခန့် ကြိုထွက်တတ်ပြီး ယနေ့တွင် သူ၏ အတွင်းရေးမှူး အန်ကန် ဦးကျော်စွာနှင့် စကားပြောလိုက်မိသည့်အတွက် (၁၅) မိနစ်ခန့် နောက်ကျ၍ သွားသည်။

ရန်ကုန်မြို့တွင် နံနက်ခင်း ရုံးတက်ချိန်နှင့် ညနေခင်း ရုံးဆင်းချိန်သည် ကားအကျပ်ဆုံး ဖြစ်သည်။ နေ့လယ်ခင်းတွင်သာ သာမန်ထက် ကားများ ကြဲပါးသွားတတ်သည်။ ကုမ္ပဏီသို့ မရောက်ခင် လမ်းတွင် သူသည် မီးပွိုင့် လေးကြိမ်ခန့် မိသည်။ ရလဒ်အနေဖြင့် သူကုမ္ပဏီသို့ ရောက်သည့်အခါ ကားပါကင်ထိုးရန်အတွက် နေရာမရှိတော့ခြင်းပင်။

" အစ်ကိုလေး... ဒီနေ့တော့ ပါကင်ထိုးဖို့အတွက် နေရာမရနိူင်တော့ဘူး ထင်တယ်၊ ဒါကြောင့် အပြင်မှာပဲ "

သူက နေရာရှာနေစဥ်တွင် လုံခြုံရေးဝန်ထမ်းက သူ့ကားနားကပ်၍ ပြောလာသည်။ ထိုအခါတွင် သူက မျက်လုံးကို တစ်ချက် ကစားပြီးနောက် တစ်နေရာသို့ လက်ညှိုးထိုးပြကာ...

" ဟော... ဟိုနေရာက လွတ်နေသားပဲ ရတယ် ကိုယ်အဲမှာပဲ ပါကင်ထိုးလိုက်မယ် "

" မဟုတ်ဘူး အစ်ကိုလေး အဲနေရာက... "

ကုမ္ပဏီ လုံခြုံရေးဝန်ထမ်း၏ စကားပင် မဆုံးလိုက်။ သူ့ကားက နောက်သို့ ဘက်ဆုတ်လိုက်ပြီးနောက် ယင်းနေရာသို့ ဖင်ထိုးကာ အသင့် ပါကင်ထိုးပြီးသား ဖြစ်သွားသည်။ သူ့ကားနေရာ ကျသည်နှင့် ပစ္စည်းများကို ယူကာ ကားထဲမှ လေချွန်၍ ထွက်လိုက်၏။ ထိုစဥ်...

" ကျွီ... "

ကားဘီ၏ တာယာနှင့် အင်္ဂတေ ကြမ်းပြင်တို့ ပွတ်တိုက် ဆွဲသွားသံက ခပ်ညံညံ ထွက်ပေါ်၍ လာသည်။ လွင့်ခနဲ ဖြတ်သန်းလာသည့် ဖုန်မှုန့်အနည်းငယ်ကို ညာလက်ဖြင့် ခါယမ်းထုတ်ရင်း မော့ကြည့်မိတော့ သူ့ရှေ့၌ အနက်ရောင် ကားတစ်စီးက ထိုးရပ်၍ ထား၏။

သူလှမ်းကြည့်မိတော့ မှန်ပြတင်းတံခါးက ခပ်ဖြည်းဖြည်း နိမ့်လျောကျလာပြီး ပုံရိပ်တစ်ခုက ထွက်ပေါ်လာသည်။ ထိုပုံရိပ်က သူ့အား တစ်ချက် ကြည့်လိုက်ပြီး ဘတ်မှန်ကို ကြည့်ကာ လုံခြုံရေးဝန်ထမ်းအား ခေါင်းညိတ်၍ ခေါ်ယူလိုက်သည်။ လုံခြုံရေးဝန်ထမ်း၏ မျက်နှာက ချက်ချင်း ပျက်ယွင်းသွားပြီး...

My Lawless Lawyer (Complete - BL)Where stories live. Discover now