C - 33

3.8K 229 30
                                    

(unicode)

အခန်း | ၃၃ |

မြို့ပြင်ဘက်တွင် လူရှင်း၍နေပြီး တစ်ချက်တစ်ချက်မှ ကုန်ကားများ၊ အိမ်စီးကားများက လမ်းမကြီးပေါ်မှ ခုတ်မောင်း၍ သွားတတ်သည်။ ရန်ကုန်မြို့ပြ၏ လူနေအိမ်များ၊ စက်ရုံအလုပ်ရုံများ၊ လိုင်းကားများနှင့် ကင်းလွတ်သည့် ဤမြို့ပြင်သည် အတော်လေး အသက်ရှုချောင်ကာ လေကောင်းလေသန့်ရသည်ဟု သူထင်မိသည်။ သူက နောက်ဆုံးပေါ် ဇိမ်ခံကားကို ဘေးပြတင်းပေါက်များဖွင့်ကာ မောင်းနှင်ရင်း မြို့ပြင်သို့ ခပ်မှန်မှန်မောင်းလာခြင်း ဖြစ်၏။

နံနက်ရုံးချိန်တွင် မှိုင်းသိဂ္ဂါကိုနှင့် သူလမ်းခွဲ၍ ​ဤမြို့ပြင်သို့ သူထွက်ခဲ့ခြင်း ဖြစ်သည်။ မြို့ပြင်တွင် သူ၏ လူယုံတော် ဦးကျော်စွာ စောင့်နေလိမ့်မည်။ ဦးကျော်စွာတို့ လူသိုက်သည် သူ့အတွက်တော့ အတော်လေး ရင်းနှီးခဲ့ရသည့် မိတ်ဆွေများပင်။ သူ့ဖေဖေမရှိတော့သည့် အချိန်မှစ၍ သူလက်ပွန်းတသီး နေခဲ့ရသည့်သူက ဖေဖေ့၏လူယုံ ဦးကျော်စွာပင်။

ဖေဖေ့လူယုံဖြစ်သည့်အလျောက် သူ့ဖေဖေမရှိတော့သောအခါ ဦးကျော်စွာက သူ့အား ယခုကဲ့သို့စောင့်ရှောက် ပေးခဲ့ခြင်းပင်။ ဦးဟန်သာမင်းသည် သူ့အား သတင်းပို့ရန် ဦးကျော်စွာကို ထည့်ပေးလိုက်ပေမဲ့လည်း ဦးကျော်စွာက သူ့ဘက်မှလူတစ်ယောက် ဖြစ်လာခဲ့သည်။ ထိုအရာက သူ့ကြောင့်ဆိုသည်ထက် သူ့ဖေဖေကြောင့်ဆိုလျှင် ပို၍မှန်မည်။

ဦးကျော်စွာထံမှ သိရသလောက် သူ့ဖေဖေသည် လူရိုးလူဖြောင့်ဖြစ်ပြီး မဟုတ်မခံစိတ် ရှိသည်ဟုလည်း သူသိရသည်။ ထို့ကြောင့်လည်း ဖေဖေ့လက်အောက်မှ အလုပ်သမားများက သူ့အပေါ်တွင် ယခုကဲ့သို့ ကောင်းနေခြင်း ဖြစ်သည်။ သူ့ကားလေးက မြို့ပြင်ကို တည့်အတိုင်းမောင်းသွားပြီးနောက်မှ လမ်းချိုးလေးတစ်ခုသို့ ချိုးဝင်လိုက်သည်။ ထိုလမ်းချိုးကလေးသည် ဦးဟန်သာမင်း၏ မကောင်းမှုမှန်သမျှကို ပြုလုပ်လေ့ရှိသော နေရာတစ်ခုပင်။

သူက လမ်းချိုးလေးအတိုင်း ချိုးဝင်သွားတော့ အဝေးဆီမှ ဂိုထောင်ပျက်ကြီးတစ်ခု သူလှမ်း၍ တွေ့လိုက်ရသည်။ ထိုဂိုထောင်ပျက်ကြီး၏ တစ်ဖက်တစ်ချက်တွင် နှစ်ထပ်အိမ်အိုကြီး ရှိသည်။ ခြံဝန်းသည် ဧကဝက်ခန့်ရှိပြီး လူမနေသည့်အတွက် မြက်ရိုင်းများက လူတစ်ရပ်ပင် ကျော်နေချေသည်။ ခြံတံခါးဖွင့်ထားသည့်အတွက် သူက ခြံဝန်းအတိုင်း မောင်းဝင်သွားလိုက်သည်။

My Lawless Lawyer (Complete - BL)Where stories live. Discover now