C - 27

4.1K 257 44
                                    

(Unicode)

အခန်း | ၂၇ |

အချိန်ဆိုသည်မှာ ပုံမှန်လည်ပတ် ဝင်ထွက်နေသည့် နေလုံးကြီးကဲ့သို့ပင်။ သဘာဝ၏ ပုံစံအတိုင်း တရားသေ လည်ပတ် သွားလာနေခြင်းသာ ဖြစ်သည်။ နေ့ပြီးလျှင်ည၊ ညပြီးလျှင်နေ့ ပုံမှန်လည်ပတ်နေပြီး မပြောင်းလဲသော တရားသေ ကိန်းသေတစ်ခုအဖြစ်သာ ရှိ၍နေ၏။

သုံးလဟူသော အချိန်က မည်သို့မျှ မကြာလိုက်ဘဲ ကုန်ဆုံးသွားသည်။ မှိုင်းသိဂ္ဂါကိုသည် ထိုသုံးလလုံး နေကိုးဟန်သာ၏ အိမ်၌သာ နေခဲ့သည်။ သုံးလဟူသော အချိန်ကာလက သူတို့နှစ်ယောက်အတွက် ရင်းနှီးမှုတစ်ခုကို ဖြစ်ပေါ်စေဖို့အတွက် လုံလောက်သော အချိန်ပင် ဖြစ်သည်။

” ကိုးလေး ဒီနေ့ ပထမဆုံး ကိုကိုတို့နှစ်ယောက် ရုံးပြန်တက်ရမှာဆိုတော့ ဘယ်လိုလဲ ရင်ခုန်နေလား ”

မီးခိုခန်းထဲတွင် အစားအသောက်များကို ထည့်နေသည့် နေကိုးဟန်သာအား ဧည့်ခန်းထဲမှ ပြုံး၍ကြည့်ကာ ပြောလိုက်ခြင်း ဖြစ်သည်။ မီးဖိုခန်းသည် ဧည့်ခန်းနှင့် တွဲလျက်ဖြစ်ပြီး အပူစုပ်စက်၊ ဖုန်စုပ်စက်၊ အညှော်စုပ်စက်နှင့် မီးခိုးငွေ့ထုတ်စက်များကို တပ်ထားသည့်အတွက် မီးဖိုခန်းက တောက်ပြောင်၍ နေ၏။

မှိုင်းသိဂ္ဂါကို၏ အသံကို ကြားသည့်အခါ နေကိုးဟန်သာ၏ နှုတ်ခမ်းက မလိုလားအပ်စွာ တွန့်ချိုးသွားသည်။ ထို့နောက် ရေပုလင်းကို အိတ်ထဲထည့်ကာ ဇစ်ဆွဲ၍ ပိတ်လိုက်ပြီး...

” ဒီမယ်...ဦးမှိုင်းသိဂ္ဂါကို ခင်ဗျားကို ကိုယ်အဲနာမ်စား မသုံးဖို့ ပြောမထားဘူးလား၊ ပြီးတော့ ဘာကိုကိုလဲ ခင်ဗျား မရှက်ဘူးလား အသက်ကဖြင့် ဖင်ဆောင့်နေပြီး ဇွတ်ကိုကို လုပ်ချင်နေတယ် ”

နေကိုးဟန်သာ၏ မညှာမတာ ပြောချလိုက်သော စကား​ကြောင့် သူ့ရင်ထဲ နင်၍ သွားသည်။ သို့ပေမဲ့ သူက အသာပြုံးလိုက်ပြီး နေရာမှ ထကာ မီးဖိုခန်း၏ အရှေ့ စားပွဲတွင် ထိုင်လိုက်ပြီး...

” မင်းက ကိုယ့်အပိုင် မင်းက ကိုယ့်ရဲ့ ကိုးလေးပဲလေ၊ ဒါကြောင့်ခေါ်တာ ဘာဖြစ်လဲ ကိုကိုဆိုတာကတော့ ကိုယ်စခေါ်တာမဟုတ်ဘူးလေ ဘယ်သူကများ အဲနာမ်းစားကို စခေါ်မိပါလိမ့်နော်... ”

My Lawless Lawyer (Complete - BL)Where stories live. Discover now