C - 43 (End Up)

5.4K 232 16
                                    

(unicode)

အခန်း | ၄၃ |

တိမ်ပြာပြာများ ရစ်သိုင်းနေသော ကောင်းကင်တွင် မိုးသားတို့ ကင်းချင်းနေ၏။ ရာသီဥတုသည် သာယာကြည်လင်လျက်ရှိပြီး မန္တလေးမြို့အတွင်း နေထိုင်ရအဆင်ပြေသော နေ့ဖြစ်သည်။ အပူလွန်ကဲခြင်းမရှိသော ဤရက်တွင် မြို့သူမြို့သားတို့သည် ဥဒဟို သွားလာ လှုပ်ရှားနေကြ၏။ နန်းမြို့ရိုးကို မျက်နှာမူထားသော အိမ်အိုကြီးတွင် ယခုတော့ လူအများဖြင့် ခြေချင်းလိမ်ကာ ပြည့်နက်နေသည်။

မင်္ဂလာ သီချင်းသံသည် ထိုစံအိမ်ကြီးအတွင်းမှ တိုးတိုးသဲ့သဲ့ ပြန့်လွင့်နေသည်။ အကျဥ်းရုံးကာ ကျင်းပလိုက်သော မင်္ဂလာပွဲသည် ယခုတော့ ဒေါ်ထိပ်တင်ထား၏ မိတ်ဆွေများ၊ ဟန်သာမိသားစုဟူသည့် နေကိုးဟန်သာ၏ မိတ်ဆွေများကြောင့် ပြည့်နက်ကာ မြိုင်ဆိုင်သွားသည်။ အကျဥ်းရုံးကျင်းပခြင်း ဆိုသော်ငြားလည်း နှစ်ဦးစလုံးက စီးပွားရေးလောက၏ အဓိက ရပ်တည်သူများ ဖြစ်လေရာ စီးပွားရေးလုပ်ငန်းရှင်များနှင့် အခြားခြားသော မိတ်ဆွေများက သူတို့ပွဲအား တက်ရောက်ဂုဏ်ပြုကြသည်။

မင်္ဂလာပွဲသည် ခန်းမများ၌ မကျင်းပသော်လည်း ကြီးမားကျယ်ဝန်းသည့် ခြံဝန်းအတွင်း ကျင်းပပြုလုပ်ခြင်း ဖြစ်လေရာ အပြင်အဆင်သည် ခမ်းနားလွန်းလှပေသည်။ ဘုရင်ခေတ်ကို ဦးတည်ထားသော မင်္ဂလာအခမ်းအနားသည် တက်ရောက်သူများအား ငေးမောစရာအတိ ဖြစ်စေသည်။

မင်္ဂလာပွဲကို အခမ်းအနားပြင်ဆင်ပေးနေသည့် ကြည်စင်သည် စာရွက်တစ်ခုအား ကိုင်ရင်း သူ၏ဝန်ထမ်းများကို လှည့်ပတ်၍ ညွှန်ကြားနေသည်။ မင်္ဂလာခန်းမတစ်ခုလုံးအား သူမက ပြေးလွှားညွှန်ကြားနေရသော်လည်း မျက်နှာထက်၌ အပြုံးတို့က ပွင့်လန်းနေဆဲပင် ဖြစ်သည်။ သူမဖန်တီးချင်သော အရာကို ဖန်တီးလိုက်ရသည့်အတွက် သူမက မမောနိုင်မပန်းနိုင်ဘဲ ဖြစ်နေခြင်း ဖြစ်လောက်ပေသည်။

အပြင်ဘက်၌ လူများ ကြိတ်ကြိတ်တိုးအောင် ပြည့်နက်နေသကဲ့သို့ သတို့သားနှစ်ယောက်၏ ပြင်ဆင်ခြင်းအခန်း၌လည်း သူများပြည့်နေသည်။ သော်က၊ ရဲကျော်၊ အမွန်၊ ကေသီ၊ သူရတို့အပြင် မိတ်ကပ်ပြင်ဆင်ပေးရမည့်သူများ အဝတ်အစားနှင့် လက်ဝတ်ရတနာ ပြင်ဆင်ပေးရမည့်သူများနှင့် ထိုအခန်းလေးအတွင်း၌ လူပေါင်း နှစ်ဆယ်လောက် ရှိနေသည်။ နေကိုးဟန်သာသည် သက်ပြင်းကို အကြိမ်ကြိမ်ချနေသည်။

My Lawless Lawyer (Complete - BL)Where stories live. Discover now