C - 25

4.6K 261 32
                                    

(unicode)

အခန်း | ၂၅ |

ယနေ့ ရာသီဥတုက သာယာသည်ဟု ​ပြော၍ရသည်။ တောင်အရပ်မှ လေသည် သာသာ ဖြည်းဖြည်း တိုက်ခတ်နေပြီး တိမ်စင်တိမ်သားများအား အဝေးသို့ သယ်ဆောင်ကာ မိုးကုတ်စက်ဝိုင်းကို ကြည်လင်သာယာစေ၏။

ပတ်ဝန်းကျင်သည် လင်းချင်းနေပြီး ကျေးငှက်များဖြစ်စေ၊ လေပြည်များဖြစ်စေ အရာရာက ရာသီဥတုကို သာယာကြောင်း ဖော်ပြလျက် ရှိပေသည်။ ဟုတ်သည်။ ယနေ့ ရာသီဥတုက လွန်စွာမှ သာယာလေသည်။

အဆင့်မြင့် ကွန်ဒိုနှင့် အိမ်ရာများ ရှိရာ လူကုံထံရပ်ကွက်ထဲတွင်လည်း တိတ်ဆိတ်ငြိမ်သက်ကာ နေသည်။ အတော်အတန်လူ မရောက်နိုင်သည့် ရပ်ကွက် ဖြစ်သည့်အတွက်ကြောင့်လည်း စနစ်ရှိကာ တိတ်ဆိတ်နေခြင်း ဖြစ်၏။

တစ်ခုသော ကွန်ဒိုများ၏ အခန်းတစ်ခုထဲတွင်တော့ အနောက်တိုင်း သီချင်းသံ သဲ့သဲ့က လွင့်ပျံလျက် ရှိသည်။ လူငယ်တစ်ဦးသည် ဆေးများထည့်ထားသည့် လင်ဗန်းကို ကိုင်ဆွဲရင်း အခန်းတစ်ခုထဲ ဝင်သွားသည်။ ဝင်သွားလိုက်ပြီးသည့် မိနစ်ပိုင်းအတွင်း ထိုလူငယ်၏ ကြည်လင်နေသော စိတ်သည် ရုတ်ချည့်း ဒေါသရိပ်များ ဖုံးလွှမ်းသွားလေတော့၏။

” ကိုယ့်အိပ်ရာပေါ် ဘာတက်လုပ်တာလဲ ဦးမှိုင်းသိဂ္ဂါကို ခင်ဗျားကို ကိုယ့်အိပ်ရာပေါ် မတက်ဖို့ ပြောထားတယ် မဟုတ်ဘူးလား ”

” ဟင်... မင်းအိပ်ရာက ငါ့အိပ်ရာပဲ မဟုတ်ဘူးလား၊ ဘာလို့လဲ ငါက နူနေလို့လား၊ အိပ်ရာလေးပဲ ယူသုံးမိတာပါ၊ မင်းပုံစံက အခု ဘာဖြစ်နေတာလဲ ”

” ခင်ဗျား... အိပ်ရာလေးပဲ ယူသုံးတယ် ဟုတ်လား၊ ခင်ဗျားစကားကို သေသေချာချာ​ပြောစမ်းပါ၊ ဒါက ကိုယ့်အိပ်ရာလေ ပြီးတော့ ခင်ဗျားအတွက်လည်း အိပ်ရာတစ်ခုကို ကိုယ်လုပ်ပေးပြီးသားကို ”

ဆေးသောက်ဖို့ အချိန်ရောက်သည်မို့ နေကိုးဟန်သာက အခန်းထဲ ဝင်လာခြင်း ဖြစ်လေသည်။ သူအခန်းထဲ ရောက်သည်နှင့် မှိုင်းသိဂ္ဂါကိုက သူ့အိပ်ရာထက်တွင် အကျအန ထိုင်ကာ စာအုပ်ဖတ်နေသည့်အတွက် သူက ပြောလိုက်ခြင်းဖြစ်၏။ ထိုအခါ မှိုင်းသိဂ္ဂါကိုက သူ့အား ပုခုံးအသာတွန့်၍ ပြောသည်။

My Lawless Lawyer (Complete - BL)Où les histoires vivent. Découvrez maintenant