C - 4

5.9K 352 8
                                    

(unicode)

အခန်း | ၄ |

ဟန်သာ မိသားစု၏ လက်ထပ် မင်္ဂလာပွဲက စီးပွားရေး လောကအတွင်း လက်တလော ပွက်လောရိုက်၍ သွား၏။ ပထမ အမွေဆက်ခံသူ အစ်ကိုကြီး၏ ဇနီးကို ဒုတိယသားမှ ပြန်လည် ယူခြင်း။ ထိုအချက်က ဟန်သာမိသားစုအတွက် လူပြောစရာ ဖြစ်ခဲ့သည်။ သို့ပေမဲ့ ဟန်သာမိသားစုသည် ထိုအချက်များကို ဂရုစိုက်နေစရာ မလိုပါချေ။

အဘယ့်ကြောင့်ဆိုသော် ဟန်သာမိသားစုကဲ့သို့ ငွေကြေး၊ ဥစ္စာ ဓန ပေါကြွယ်ဝသူများအနေဖြင့် သာမန် အကြောင်းအရာများကို အခြေခံအထိ လိုက်ပါ ရှင်းနေမည် မဟုတ်။ ယခု လူပြောများခြင်းသည်လည်း ကွယ်ရာ၌ပင် ဖြစ်ပြီး ထိုမင်္ဂလာပွဲ ကျင်းပသည့်နေ့တွင် ထိုစီးပွားရေး လုပ်ငန်းရှင်များပင် လာရောက်ကာ ဂုဏ်ပြုအခမ်းအနားပွဲသို့ တက်ရောက်ကြသည်။

ထိုမင်္ဂလာပွဲနေ့တွင် ဟန်သာမိသားစု၏ တည်ထောင်သူ ဦးဟန်သာမင်းမောင်က တက်ရောက်ခြင်း မရှိပေ။ သူ၏ အတွင်းရေးမှုး သိင်္ဂီကိုသာ မင်္ဂလာအထိမ်းအမှတ် လက်စွပ်ကိုပေး၍ ထိုမင်္ဂလာပွဲကို အသိအမှတ် ပြုခဲ့သည်။ ထိုအရာကပင် ထိုမင်္ဂလာပွဲကို ဦးဟန်သာမင်းမောင် အနေဖြင့် ချီးမြှောက်ခဲ့ခြင်း ဖြစ်လေ၏။

ဟန်သာမိသားစု၏ အဓိက စံအိမ်ကြီး အတွင်း၌ ဖြစ်သည်။ ဟန်သာမိသားစု၏ အဓိက အမွေဆက်ခံသူ ဖြစ်သည့် နေကိုးဟန်သာသည် သူ၏ အခန်းထဲ၌ ငြိမ်သက်စွာ ထိုင်နေသည်။ သူက လက်ရှိ ဖြစ်ပျက်နေသည့် အရာများကို သိရှိသော်လည်း အရာအားလုံးကို မသိကျိုးနွံ ပြုခဲ့သည်။ အရာအားလုံးက သူနှင့် မသက်ဆိုင်သကဲ့သို့ပင် ရှိလေ၏။

" သခင်လေး ထမင်းစားရအောင်ပါ၊ ထမင်းမစားတာ သုံးရက်ရှိနေပြီလေ သခင်လေးရဲ့၊ ဒီမှာ ကြီးကြီးက သခင်လေးကြိုက်တဲ့ ဟင်းတွေကို ယူလာတယ်လေ၊ ဒီမှာမြည်းကြည့်ပါအုံး "

အသစ်လဲထားသည့် အိမ်ထိန်းက နေကိုးဟန်သာ၏ ဘေးသို့ ထမင်းဟင်းများ ထည့်ထားသော လင်ဗန်းကိုချ၍ ပြောနေသည်။ သို့သော် နေကိုးဟန်သာကတော့ လှည့်၍ပင် မကြည့်။ ခဏကြာသည့်အခါ အိမ်ထိန်းက ထမင်းပန်းကန်များကို ထားခဲ့ပြီး မနေ့က လာပို့ထားသော ပန်းကန်များကို ပြန်လည်၍ သိမ်းသွားလေသည်။ အခန်းပြင်သို့ ရောက်သည့်အခါ အမျိုးသမီး တစ်ယောက်က အိမ်ထိန်း၏ လက်ထဲမှ ပန်းကန်များကို ကြည့်လိုက်ပြီး...

My Lawless Lawyer (Complete - BL)Where stories live. Discover now