C - 5

5.9K 325 23
                                    

(unicode)

အခန်း | ၅ |

သည်နေ့ ဟန်သာမိသားစု၏ အမွေဆက်ခံသူ စံအိမ်အတွင်း လူများ ကြဲပါးလျက်ရှိ၏။ စံအိမ် အတွင်း၌လည်း အစေခံများ ကြဲပါးနေပြီး ခြံဝန်းအတွင်း၌သာ ရှိနေကြသည်။ အစေခံ ခေါင်းဆောင်နှင့် အိမ်ထိန်းတို့သည် ခြံဝန်း၏ အတွင်း၌ ရပ်နေကြပြီး အိမ်ထဲသို့ စိုးထိတ်စွာ ကြည့်နေကြ၏။

စံအိမ်ကြီးထဲမှ ငိုရှိုက်သံများ ထွက်ပေါ်နေသည်။ ငိုရှိုက်သံသည် တိုးသဲ့စွာ ထွက်ပေါ်လာသည်မှ တဖြည်းဖြည်း ကျယ်လောင်၍ လာပြန်၏။ ထိုအသံသည်ကား အခြားမဟုတ်။ ဤစံအိမ်၏ အမွေဆက်ခံသူ သခင်လေး နေကိုးဟန်သာ၏ အသံပင် ဖြစ်လေသည်။

ယနေ့တွင် ဒေါ်ကလျာပျိုသည် အိမ်၌မရှိဘဲ ကုမ္ပဏီ၌ ရောက်နေသည်။ ဥက္ကဌကြီး၏ အမိန့်အရ နေကိုးဟန်သာသည် ကုမ္ပဏီ၏ ရှယ်ယာ သုံးဆယ် ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး CEO နေရာကို ရယူထားသည်။ နေကိုးဟန်သာ၏ အသက် မပြည့်မှုကြောင့် ထိုတာဝန်ကို သူ၏ အမေဖြစ်သူ ဒေါ်ကလျာပျိုက ကိုယ်စား ရယူထားခြင်း ဖြစ်သည်။ ထို့အတွက်ကြောင့်လည်း သူမက အိမ်၌ မရှိခြင်း ဖြစ်သည်။

သူမ, မရှိသည့် နေများတွင် အိမ်ကြီးထဲတွင် ဦးဟန်သာမောင် ရှိနေတတ်သည်။ ဦးဟန်သာမောင် ရှိနေသည့် အခါတိုင်းတွင်လည်း သခင်လေး၏ အသံကို အမြဲကြားရသည်။ အစေခံများက ဒုတိယသူဌေးကို ကြောက်ရသည့်အတွက်ကြောင့် ဒေါ်ကလျာပျိုအား ပြန်ပြောရဲခြင်း မရှိကြပေ။

အစေခံများသည် စံအိမ်၏ အရှေ့တံခါးတွင် ရပ်နေကြပြီး အိမ်ထဲသို့ စိုးရိမ်ပူပန်စွာ ကြည့်နေကြသည်။ အစေခံခေါင်းဆောင်က သူမ၏ လက်နှစ်ဖက်ကို အရှေ့၌ ယှက်ထားပြီး စိတ်လှုပ်ရှားမှုကြောင့် သူမ၏ လက်နှစ်ဖက်ကို အချင်းချင်း နှိပ်နယ်ပေး၍ နေ၏။ အိမ်ထိန်း မိန်းမကြီးသည် စိတ်လှုပ်ရှားစွာဖြင့် စံအိမ်၏ ရှေ့၌ ခေါက်တုံ့ခေါက်ပြန် ​လမ်းလျှောက်၍သာ နေလေတော့သည်။

သူမက လမ်းလျှောက်ရင်းနှင့်လည်း ဗျစ်တောက်တောက် စကားကို ဆို၍ နေ၏။ တစ်ခါ တရံများတွင်လည်း အိမ်ထဲသို့ လည်ပြန်ငေးကာဖြင့် ကြည့်နေတတ်သေးသည်။ မကြာခဏ ဆိုသလိုပင် အိမ်ထဲသို့ ပြေးဝင်ရန် ဟန်ပြင်ပြီးမှ ခေါင်းယမ်းကာ လမ်းပြန်လျှောက်နေပြန်၏။

My Lawless Lawyer (Complete - BL)Where stories live. Discover now