C - 32

3.7K 226 18
                                    

(unicode)

အခန်း | ၃၂ |

တိတ်ဆိတ်နေသော တိုက်ခန်း၏အတွင်း မီးရောင်တို့က ရုတ်တရက် လင်းလက်လာ၏။ မှိုင်းသိဂ္ဂါကိုသည် ချစ်ရသူ၏ အိပ်စက်နေသော မျက်နှာကို အပြုံးတို့ဖြင့် ငေးကြည့်နေသည်။ သူ့အကြည့်က နွေးထွေးကာ နှစ်လိုဖွယ်ရှိသည်။ ချစ်စိတ်အပြည့်ဖြင့်ကြည့်နေသော ထိုအကြည့်သည် အေးချမ်းကာ ရွှင်လန်းတောက်ပလျက် ရှိ၏။

ထို့နောက် ချစ်ရသူ၏ ခန္ဓာကိုယ်ပေါ်သို့ စောင်ပါးပါးလေးကို လွှမ်းခြုံထားခဲ့ပြီးနောက် သူက အခန်းထဲမှ ထွက်လာခဲ့သည်။ ဧည့်ခန်းထဲရောက်တော့ သူက အအေးခန်းထဲမှ ရေတစ်ခွက်ကို ဖန်ခွက်ထဲသို့ သွန်ထည့်ရင်း တစ်ကျိုက်မော့သောက်လိုက်သည်။ ထို့နောက် စားပွဲပေါ်၌ တင်ထားသော နေကိုးဟန်သာ၏ ဖုန်းလေးအားကြည့်လိုက်သည်။

တိုက်ဆိုင်၍ပဲလားမသိ။ သူကြည့်လိုက်တော့မှ ဖုန်းမျက်နှာပြင်က လင်းလက်သွားကာ စာတိုတစ်စောင်က ဝင်ရောက်လာသည်။ တစ်ပါးသူ၏ အတွင်းရေးကို မကြည့်သင့်မှန်းသိပါသော်လည်း သူ့လက်က မျက်နှာပြင်ပေါ်မှ စာတိုလေးကို တို့ထိလိုက်သည်။ ဖုန်းသည် လျှို့ဝှက်နံပါတ် ပိတ်မထားသောကြောင့် ချက်ချင်းပွင့်သွား၏။

စာတိုထဲမှ အကြောင်းအရာကို ဖတ်ရှု့ပြီးနောက် သူ့မျက်မှောင်တို့ ကြုတ်သွားရ၏။ စာတိုသည် ဦးကျော်စွာထံမှ ဖြစ်ပြီး ဥက္ကဌကြီး၏ အတွင်းရေးမှုး သိင်္ဂီ၏ အကြောင်းဖြစ်သည်။ သိင်္ဂီ၏ ပျောက်ဆုံးမှုတွင် ဦးဟန်သာမင်းတို့၏ လုပ်ရက်မကင်းကြောင်းနှင့် သိင်္ဂီမပျောက်ဆုံးခင်နေ့က ဦးဟန်သာမင်းနှင့် တွေ့သွားကြောင်း ပေးပို့ထားခြင်းပင်။

ထို့နောက် သူက message box ထဲမှ ထွက်လိုက်ပြီးနောက် ဖုန်းကိုစားပွဲပေါ်သို့ ပြန်လည်၍ တင်လိုက်သည်။ ထိုအခါ သူ့လက်နှင့်တိုက်မိသဖြင့် စားပွဲပေါ်မှ သတင်းစာရွက်သည် အောက်သို့ပြုတ်ကျသွားသည့်အတွက် သူက ကုန်းကောက်ရန် လှမ်းလိုက်ချိန်တွင် စားပွဲအောက်တွင် ရှိနေသည့် ဒိုင်ယာရီ စာအုပ်ဟောင်းတစ်ခုကို အမှတ်မထင် တွေ့လိုက်ရသည်။ သူက ဖတ်သင့်မဖတ်သင့် တွေးပြီးနောက် သက်ပြင်းချကာ ပထမစာရွက်ကို လှန်လိုက်လေသည်။

My Lawless Lawyer (Complete - BL)Where stories live. Discover now