C - 3

6.8K 380 13
                                    

(Unicode)

အခန်း | ၃ |

ဟန်သာ မိသားစု၏ အဓိက စံအိမ်ကြီးတစ်ခုထဲတွင် လူတစ်ဦးက စုံလည်ကုလားထိုင်ကို မှီကာ ထိုင်၍ နေ၏။ ထိုသူက စားပွဲပေါ်မှ သူ၏ သားကြီးဖြစ်သူ ဦးဟန်သာအောင်၏ ဓာတ်ပုံအား ငေးကြည့်နေသည်။ ထို့နောက်တွင် သူက သက်ပြင်းကို ညင်သာစွာ ချလိုက်ပြီးနောက်မှ ဓာတ်ပုံကို စားပွဲပေါ်သို့ မှောက်ချလိုက်လေသည်။

" သိင်္ဂီ ဟန်သာမောင်ကို အထဲကို ဝင်ခဲ့ခိုင်းလိုက်တော့... "

" ဟုတ်ကဲ့ ဥက္ကဌကြီး "

ဦးဟန်သာမင်းမောင်၏ အတွင်းရေးမှူးဖြစ်သူ သိင်္ဂီက ခေါင်းညိတ်လိုက်ပြီး အခန်းပြင်သို့ ထွက်သွားသည်။ အချိန်အနည်းငယ် ကြာသည့်အခါ ဦးဟန်သာမောင်က အခန်းတွင်းသို့ တစ်ယောက်တည်း ဝင်၍လာသည်။ သူက ဦးဟန်သာမင်းမောင်၏ ရှေ့၌ ခြေစုံရပ်လိုက်ပြီးနောက်တွင် အနည်းငယ် ဦးညွှတ်လိုက်လေ၏။

" အဖေ ကျွန်တော် ရောက်ပါပြီ "

" အင်း ... ဧည့်ခန်းမှာ ထိုင်ကြတာပေါ့၊ မင်းမှာ ပြောစရာ ရှိတယ် ထင်တယ် "

ဦးဟန်သာမင်းမောင်က အဓိပ္ပါယ် ဖော်ရခက်သော မျက်နှာနှင့် ပြောလိုက်သည်။ ထို့နောက်တွင် သူထိုင်နေသည့် အလုပ်စားပွဲ၏ အရှေ့၌ရှိသည့် ဧည့်ခန်းထိုင်ခုံသို့ သွားလိုက်သည်။ သူက ဧည့်ခန်း၏ အဓိက နေရာ၌ နေရာယူပြီးသွားလျှင်...

" အဖေ... ဒီရက်တွေမှာ ကျွန်တော်တို့က တစ်လတောင် အစ်ကိုကြီးကို ရှာပြီးသွားပါပြီ၊ ဒါပေမဲ့ မတွေ့ရပါဘူး ဒါကြောင့်... "

" ငါ အားလုံး သိပြီ၊ မင်းဘာကို ဆိုလိုချင်တာလဲ ပွင့်ပွင့်လင်းလင်းပြော "

ဦးဟန်သာမင်းမောင်က သူ့သား၏ စကားကို စိတ်မရှည်စွာဖြင့် ကြားဖြတ်၍ ပြောလိုက်၏။ ထိုအခါ ဦးဟန်သာမောင်၏ မျက်နှာက အနည်း ငယ်မျှ တည်ကြည်သွားပြီး...

" ဟို... အဖေ လက်ရှိ ကျွန်တော်တို့ရဲ့ အလုပ်တွေကို ဆက်လုပ်ဖို့ အဖေ့မှာ အစီအစဥ် တစ်ခုခုများ ရှိမလားလို့ အဲတာလေး...သိချင်လို့ပါအဖေ "

ဦးဟန်သာမောင်က အနည်းငယ် ထုံထိုင်းသော အမူအရာနှင့် ပြောလိုက်သည်။ ထိုအခါတွင် ဦးဟန်သာမင်းမောင်က သူ့သားငယ်အား မင်သေသော အကြည့်နှင့် ကြည့်လိုက်ပြီး အနည်းငယ် နှုတ်ဆိတ်သွားသည်။ အချိန်အတော်ကြာ သူက ငြိမ်သက်ပြီး နောက်မှ...

My Lawless Lawyer (Complete - BL)Where stories live. Discover now