C - 40

4K 202 9
                                    

(unicode)

အခန်း | ၄၀ |

” ကိုးရေ ပစ္စည်းတွေသေချာ ကားပေါ်တင်အုံးနော်၊ လမ်းရောက်မှ သတိရရင် သက်သက်အချိန်တွေ နောက်ကျနေအုံးမယ် ”

” ခင်ဗျားက ဆရာကြီးအရမ်းလုပ်တာပဲ ဦးမှိုင်းသိဂ္ဂါကို၊ ကိုယ် ကလေးမဟုတ်ဘူးဗျ၊ ပြောနေစရာမလိုဘူး၊ ကိုယ်သိတယ် ”

ကားနောက်ဖုံးကိုဖွင့်ကာ ပစ္စည်းတွေစစ်နေသော မှိုင်းသိဂ္ဂါကို၏ အသံနှင့်အတူ ဖျစ်တောက်ဖျစ်တောက်ပြောကာ အထုပ်များသယ်၍ အိမ်ထဲမှ လှမ်းထွက်လာသော နေကိုးဟန်သာ။ အချိန်တွေ ကြာပေမဲ့လည်း သူတို့နှစ်ယောက်ကတော့ ယခုအချိန်အထိ တန်ဇောင်းချေးနှင့် မျက်ချေးပင်။ တွေ့လိုက်တိုင်း ရန်ဖြစ်၍ မမြင်ရလျှင်လည်း အသည်းနင့်အောင် လွမ်းတတ်ကြစမြဲပင် ဖြစ်သည်။ ယခုလည်း သူတို့နှစ်ဦးက မှိုင်းသိဂ္ဂါကို၏ မွေးရပ်မြေသို့ပြန်ရန် အထုပ်များကို ပြင်ဆင်နေကြခြင်းပင် ဖြစ်သည်။

” ကိုကိုရေ ကိုကိုပြီးပြီလား၊ အမွန်က အားလုံးအဆင်သင့်ဖြစ်ပြီးနော်၊ မမကေသီနဲ့ ကိုသူရကလည်း လမ်းရောက်နေပြီတဲ့ မကြာခင်ရောက်လိမ့်မယ် ထင်တယ် ”

” အေးအေး ဟုတ်ပြီညီမလေး ကိုကိုတို့လည်း ပြီးပါပြီ၊ ဟေ့လူ ဒီမှာရော့ ကူသယ်အုံး မနိုင်မနင်းသယ်လာရတာကို မမြင်တဲ့အတိုင်း ရပ်ကြည့်နေတယ် ”

နေကိုးဟန်သာက အမွန့်ကိုပြောရင်း မှိုင်းသိဂ္ဂါကိုဘက်သို့လှည့်ကာ မျက်စောင်းထိုး၍ ပြောသည်။ မကြာခင် သူတို့နှစ်ယောက်၏ ငြင်းခုန်သံများက ထိုနေရာတစ်ဝိုက် ပျံ့ထွက်လာလေသည်။ အမွန်ကတော့ ခေါင်းကိုသာ ခါရင်း ထိုနေရာမှ လှည့်ထွက်လာလိုက်သည်။

” ဟာဆရာ မပြီးပြသေးဘူးလား၊ ကျွန်တော်တို့တောင် အဆင့်သင့်ဖြစ်နေပြီ ”

” ဘယ်ပြီးမလဲ အဲမှာလေ ဇီဇာကြောင်တဲ့ လူ့ဂွဇာက ပစ္စည်းတွေကို တစ်ခုချင်းစစ်နေလို့ ကြာနေတာ ”

သူရနှင့်ကေသီတို့ ရောက်လာသောအခါ သူရအမေးကြောင့် နေကိုးဟန်သာက မှိုင်းသိဂ္ဂါကိုအား မျက်စောင်းထိုးကာ ပြောသည်။ ထိုစကားများမှုက တစ်နာရီခန့် ကြာပြီး နေ့လယ် တစ်နာရီလောက်မှသာ သူတို့အားလုံးက ရန်ကုန်မှ စထွက်လာနိုင်ခဲ့လေသည်။ ထိုအရာသည်ပင် အားလုံး၏ လောဆော်ခြင်းကြောင့်သာဖြစ်ပြီး သူတို့နှစ်ဦးစိတ်ကြိုက် စကားများခွင့် ပေးလိုက်ပါက ညနေဆောင်းလျှင်ပင် သွားရဖို့အတွက် မဖြစ်နိုင်လောက်သေးချေ။

My Lawless Lawyer (Complete - BL)Where stories live. Discover now