C - 9

5.7K 357 10
                                    

(unicode)

အခန်း | ၉ |

ဆယ်နှစ် ဟူသည့် အချိန်က မည်မျှကြာလိုက်သည့်အချိန်မဟုတ်။ သည်အတိုင်း လျှင်မြန်စွာ ကုန်လွန်၍ သွား၏။ မှိုင်းသိဂ္ဂါကိုအနေဖြင့် ရန်ကုန်ကို ရောက်နေသည်မှာ ဆယ်စုနှစ်တစ်ခုကို ကုန်လွန်ခဲ့ပြီ ဖြစ်သည်။ လုပ်ငန်းဆောင်တာများတွင် အဆင်ပြေသမျှ သူ၏ အနီးကပ် ရှေ့နေအတွက် သူနှင့်အဆင်ပြေသည့်သူအား ယခုအချိန်အထိ မတွေ့သေးပေ။

ဤဆယ်နှစ်အတွင်း သူက ရှေ့နေ ဆယ်ယောက်ထက်မနည်း ပြောင်းလဲသွားခဲ့ပြီးပြီ ဖြစ်သည်။ ကြာတော့ သူက စိတ်ကုန်၍လာသည်။ လုပ်ငန်း တိုးချဲ့ဖို့အတွက်သာ မဟုတ်လျှင် သူက ထိုရာထူးအတွက် လူထပ်မခေါ်ဖို့အတွက်ပင် တွေးမိပေလိမ့်မည်။

" သူဇာ... ဒီနေ့အတွက် အင်တာဗျူးက ဘယ်အချိန်လဲ၊ သူတို့ရဲ့ CV Form တွေ ​ပေးထားပါအုံးနော် အစ်ကို ဖတ်ကြည့်ထားမလို့ "

" ဟုတ်ကဲ့ သူဌေး... ခဏလေးနော် သူဇာ လာပေးပါ့မယ် "

" အေးအေး... အေးဆေးလုပ် သူဇာ ရတယ်၊ အလျှင်မလိုဘူး "

သူက သူ၏ အတွင်းရေးမှုးမလေးအား ပြောလိုက်ရင်း ရုံးခန်းရှိရာသို့ ထွက်သွာလိုက်သည်။ ယခုအင်တာဗျူးက သူ၏ ဘယ်နှကြိမ်မှန်းမသိသော ရှေ့နေရာထူးအတွက် အင်တာဗျူးရန်သာ ဖြစ်သည်။ သူ သေချာပြောနိုင်ပါသည်။ ယခု တစ်ကြိမ် အကောင်းဆုံးကိုရွေးချယ်၍ အလုပ်ခန့်ထားသည့် ရှေ့နေသာ ထပ်မံအလုပ် ထွက်သွားပါက သူက ဤလုပ်ငန်းစုကိုလည်း မန္တလေးမှ သူ၏ သူငယ်ချင်းကိုသာ လှမ်းလွှဲလိုက်ရန် ဆုံးဖြတ်ထားလေသည်။

" သူဌေး... သူဇာဝင်လာမယ်နော် "

" အေး... ဝင်ခဲ့လေ ရတယ်၊ သူဇာ မင်းကိုလည်း အစ်ကို ခဏခဏ ပြောပြီးပြီ၊ မင်းက ရဲကျော်ရဲ့ ညီမဆိုတော့ ငါ့ညီမပါပဲ၊ သူဌေးတွေ ဘာတွေ လှုပ်မနေပါနဲ့ အဆင်ပြေသလိုပဲခေါ်ပါ တော်ကြာ ဟိုကောင်ရန်ကုန် တက်လာရင်ငါ့က သူ့ညီမကို နှိပ်စက်နေတယ်ဆိုပြီး ရန်တွေ့နေပါအုံးမယ် "

" ဟီး... ဟုတ်ကဲ့ သူဌေး၊ အဲ...ကိုမှိုင်း သူဇာ ကိုမှိုင်းလို့ပဲ ခေါ်မယ်နော် "

My Lawless Lawyer (Complete - BL)Where stories live. Discover now