C - 20

4.8K 280 20
                                    

(unicode)

အခန်း | ၂၀ |

တရားရုံးတစ်ခုအတွင်း လူအများ ဥဒဟို သွားလာ၍ နေသည်။ အမှုသည်များ တရားခံများနှင့် အထက်တန်းရှေ့နေ၊ တိုင်းရှေ့နေ၊ တရားသူကြီးများကိုလည်း မကြာခဏ တွေ့ရတတ်သည်။ အချိန်သည် နေ့လယ်တစ်နာရီခန့်ရှိပြီး အများစုသည် ထမင်းစားရန်အတွက် တရားရုံးအတွင်းရှိ နားနေဆောင်များ၊ အဖျော်ဆိုင်များရှိရာသို့ ဦးတည်နေကြ၏။

” ကျွီ... ”

အဆင့်မြင့်ဇိမ်ခံ ကားတစ်စီးသည် တရားရုံးအတွင်းသို့ မောင်းဝင်လာပြီး ယင်းကား၏ နောက်တွင် အနက်ရောင် ကားသုံးစီးသည်လည်း လိုက်ပါလာ၏။ ထိုကားလေးစီးသည် တရားရုံး၏ အဓိက ဝင်ပေါက်ရှေ့တွင် ထိုးရပ်သွားပြီး ကားတစ်စီးသည် ချက်ချင်း တံခါးဖွင့်လာပြီး အဆင့်မြင့်ဇိမ်ခံကားဆီသို့ ပြေးသွားကာ တံခါးကို ဖွင့်ပေးလိုက်သည်။

ခြေထောက်တစ်စုံသည် ကားထဲမှထွက်လာပြီး ယင်း​ခြေထောက်ပိုင်ရှင် သက်လတ်ပိုင်းလူသည် ဘေးဘီဝဲယာကို ကြည့်၏။ ထို့နောက် နောက်ကားထဲမှ အနက်ရောင်တိုက်ပုံကို ဝတ်ဆင်ထားသည့် ရှေ့နေများ ထွက်လာပြီး ယင်းလူနှင့် စကားပြောကြသည်။

လူအများသည် ထိုလူအား မြင်သည့်အခါ ကွက်ကြည့်ကွက်ကြည့်နှင့် ရှိနေကြ၏။ ထို့အတူ ယင်းလူ ​ပြောနေသည့်စကားများကိုလည်း တစ်စွန်းတစ်စ နားစွင့်နေကြလေ၏။ အဆိုပါလူသည် အားလုံးသိကြသော ဟန်သာမိသားစု၏ ဒုတိယသား ဟန်သာမိသားစုပိုင် လုပ်ငန်းများ၏ လက်ရှိ ဒါရိုက်တာချူပ် ဦးဟန်သာမင်းမောင်ပင် ဖြစ်လေသည်။

” သူဌေး ဒါက လက်ရှိ မြန်မာပြည်ရဲ့ အတော်ဆုံး ရှေ့နေတွေပါ၊ ဒီအမှူမှာ သူဌေးဘက်ကနေပြီး ဒီက ရှေ့နေတွေက အမှုလိုက်ပေးမှာပါ ”

ဦးဟန်သာမင်းမောင်၏ လူယုံတစ်ယောက်က သူ့အား ရှေ့နေများနှင့် မိတ်ဆက်ပေးလိုက်သည်။ သူသည် သူ့ရှေ့မှ ရှေ့နေသုံးဦးအား သေသေချာချာကြည့်၍...

” ကျုပ် ကျန်တာ အများကြီး မပြောချင်ဘူး၊ ဒီအမှုမှာ သေချာပေါက် ကျုပ်နိုင်မှဖြစ်မယ်၊ ဒီအမှုကိုသာ နိုင်ရင် ချက်လက်မှတ်ထဲမှာ ခင်ဗျားတို့ကြိုက်သလို ရေးနိုင်တယ် ”

My Lawless Lawyer (Complete - BL)Where stories live. Discover now