C - 41

3.2K 185 9
                                    

(unicode)

အခန်း | ၄၁ |

အပြင်ဘက်တွင် မှိုင်းသိဂ္ဂါကိုတစ်ယောက် စောင့်နေရသည်မှာ အတော်ကြာပြီ ဖြစ်သည်။ သူက စိတ်မရှည်တော့ဘဲ အိမ်ရှေ့စင်ဝင်အောက်၌ ခေါက်တုန့်ခေါက်ပြန် လမ်းလျှေုက်နေသည်။ တစ်ချက်တစ်ချက်တွင်လည်း အိမ်ထဲသို့ လည်ပြန်ကြည့်ကာ ချစ်ရသူအား စိုးရိမ်စွာသော မျက်ဝန်းရိပ်တို့ဖြင့် စောင့်မျှော်နေ၏။

သူက အိမ်ထဲသို့ လိုက်ဝင်သွားရန် တွေးမိပေမဲ့ ​တံခါးရှေ့၌ ရပ်နေသော အဘွားမိကြောင့် လှမ်းလိုက်သည့်ခြေလှမ်းတို့က တုန့်သွားသည်။ ထိုသို့အနေအထားအထိ ကြိမ်ဖန်များစွာ ကြုံတွေ့ပြီးသည့်နောက်တွင် သူ့သည်းခံနိုင်စွမ်းက နောက်ဆုံးတွင်တော့ ကုန်ဆုံးသွားပြီဖြစ်လေသည်။ ထို့နောက်တွင်သူက ခြေလှမ်းတို့အား အိမ်ဘက်သို့ လှည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။

” သခင်လေး အထဲဝင်လို့မရပါဘူး သခင်မကြီးက... ”

” တော်တော့ အဘွားမိ ကျွန်တော် ဆက်မစောင့်နိုင်တော့ဘူး၊ အကယ်၍ မယ်မယ်က အဘွားမိကို အပြစ်တစ်ခုခု ပြောခဲ့ရင် ကျွန်တော်လုပ်တာမို့ ကျွန်တော်ပဲခံမယ်လို့ ​ပြောလိုက်ပါ့မယ် ”

” ဒါပေမဲ့ သခင်လေး... ”

” တောင်းပန်ပါတယ် အဘွားမိ၊ ကျွန်တော်အထဲကို ဝင်မှ ဖြစ်မှာမို့လို့ပါ ”

မှိုင်းသိဂ္ဂါကိုအား တားနေသည့် အဘွားမိက စိတ်ညစ်စွာ သက်ပြင်းချလိုက်သည်။ မှိုင်းသိဂ္ဂါကိုကတော့ သူ့အား လုံးဝကျောခိုင်းသွားကာ စံအိမ်ထဲသို့ သွက်လက်စွာ ဝင်ရောက်သွားသည်။ နေကိုးဟန်သာအတွက် သူက အတော်ကလေး စိတ်ပူနေပြီ ဖြစ်သည်။

ဧည့်ခန်းထဲတွင်တော့ နေကိုးဟန်သာနှင့် ဒေါ်ထိပ်တင်ထားတို့က စကားကောင်းနေကြသည်။ ဒေါ်ထိပ်တင်ထားသည် မှိုင်းသိဂ္ဂါကို၏ ငယ်စဥ်က အကြောင်းများကို ပြန်ပြောပြနေသည်။ သူမပုံစံက မှိုင်းသိဂ္ဂါကိုအပေါ်တွင် အတော်ချစ်ကြောင်း သိသာသည်။ သူမ၏ သားအကြောင်းကို ပြောနေသည့်အခါ မျက်နှာက ဝင်းပနေပြီး မျက်လုံးတို့က အရောင်တောက်နေသည်။

My Lawless Lawyer (Complete - BL)Where stories live. Discover now