C - 30

4.2K 252 33
                                    

(unicode)

အခန်း | ၃၀ |

ဟန်သာလုပ်ငန်းစု ကော်ပိုရေးရှင်းဟု ထည်ဝါစွာ ရှိနေသည့် အဆောက်အအုံ၏ ကားပါကင်တွင် ဇိမ်ခံကားများနှင့် တန်ဖိုးကြီးကားများက ပြည့်သိပ်ကာ ရှိနေပါသည်။ ယခု ထိုကားပါကင်သို့ နက်ပြာရောင် ကားတစ်စီးက ရောက်ရှိလာပြီး ကားပါကင်ထိုးလိုက်သည်။

ထိုကားပေါ်မှ လူသုံးယောက်က ဆင်းလာပြီးနောက် ကုမ္ပဏီ၏ lift ဆီသို့ တန်း၍ သွားသည်။ သုံးယောက်ထဲတွင် လူငယ်သည် အရေးပါပုံရပြီး ဘေးမှ သက်လတ်ပိုင်းအရွယ်လူက လူငယ်အား စာဖိုင်တစ်ခုကိုကြည့်ကာ အချက်အလက်များကို ဘေးမှ ရှင်းလင်းပြနေ၏။ လူငယ်သည် ထိုလူရှင်းပြသမျှကို ခေါင်းတညိတ်ညိတ်နှင့် စူးစိုက်စွာ နားထောင်လျက်ရှိသည်။

ထပ်မြင့် အဆောက်အဦးဖြစ်၍ ထိပ်ဆုံးထပ်သို့ရောက်ရန် မိနစ်အနည်းငယ်ခန့် ကြာမြင့်သည်။ ထိုလူငယ်၏ ဘေး၌ မြန်မာနိုင်ငံ ရှေ့နေများ အဖွဲ့အစည်း၏ အသိအမှတ်ပြု ရင်ထိုးကို တပ်ထားသည့် လူငယ်တစ်ယောက် ရှိသည်။ ယင်းလူငယ်က သူရပင်ဖြစ်သည်။ အလယ်မှ လူငယ်ကတော့ နေကိုးဟန်သာမှလွဲ၍ အခြားသူ မဖြစ်နိုင်တော့ပေ။

” ဦးကျော်စွာ ရှယ်ယာရှင် အစည်းအဝေးက ဘယ်နှနာရီ စမှာတဲ့လဲ ”

” ၉ နာရီ တူလေး၊ ဒါနဲ့ ဥက္ကဌကြီးရဲ့ အတွင်းရေးမှုးမလေးက စိတ်ချရပါ့မလား၊ အကယ်၍သူသာ... ”

” စိတ်မပူပါနဲ့ ဦးလေး ကိုယ်သူ့ကို ရွေးချယ်စရာ ပေးပြီးပါပြီ၊ သူ့ရွေးချယ်မှူပါပဲ၊ အကယ်၍ သူ့ရွေးချယ်မှုက ကိုယ့်ဘက်ရှိမနေဘူး ဆိုရင်တောင် ကိုယ့်မှာ အခြားအစီအစဥ်တွေ ရှိပါသေးတယ် ”

နေကိုးဟန်သာက တိကျ ပိုင်နိုင်စွာဖြင့် ပြောသည်။ ထိုအခါ ဦးကျော်စွာက ခေါင်းကိုသာ ညိတ်လိုက်သည်။ မကြာခင် lift သည် ရပ်တန့်သွားပြီး ချိန်းဆိုထားသည့် အထပ်သို့ရောက်ကြောင်း မီးစိမ်းပြ၍ လာသည်။ ထို့ကြောင့် အားလုံးက lift ထဲမှ ထွက်သွားပြီး အစည်းအဝေး သက်မှတ်ထားရာ အခန်းဆီသို့သာ ဦးတည်၍ သွားလိုက်ကြလေသည်။

ကုမ္ပဏီ၏ အဓိက အစည်းအဝေးအခန်းတွင်း၌ လူဦးရေ နှစ်ဆယ်ထက်မနည်း ရှိနေကြသည်။ အခန်း၏ အပြင်တွင် တာဝန်မှအပ မဝင်ရဟူသည့် စာတန်းကို အနီရောင်ဖြင့် ရေးထိုးထားပြီး အစည်းအဝေးခန်းဟူသည့် စာတန်းက အပြာဖြင့် ရေးထိုးထားသည်။ ယခု ထိုတံခါးကို လက်တစ်စုံက တွန်းဖွင့်လိုက်ပြီး ကြမ်းပြင်နှင့် ဖိနပ်ထောက်တို့ ထိခတ်သည့်အသံက ခပ်ပါးပါး ထွက်ပေါ်လာ၏။

My Lawless Lawyer (Complete - BL)Where stories live. Discover now