C - 21

4.2K 275 21
                                    

(unicode)

အခန်း | ၂၁ |

တစ်ဖက်မှ ရှေ့နေသည် ရုံးတော်၏ အရှေ့၌ရပ်လိုက်ပြီး တစ်ဖက်မှ တရားပြိုင်ရှေ့နေများကို မထီထင်သော အကြည့်ဖြင့်ကြည့်ကာ ပြုံးလိုက်သည်။ ထို့နောက်တွင် သူက စာရွက်တစ်ခုကို ထုတ်ယူကာ လက်ဖြင့်ကိုင်၍...

” လေးစားအပ်ပါသော တရားသူကြီးမင်းခင်ဗျာ ခုဏက တရားပြိုင် ရှေ့နေဘက်က ပြောသွားသလိုပဲ၊ အရာအားလုံးက အမှန်တွေချည်းပဲ ဖြစ်ပါတယ် ဒါပေမဲ့ တရားပြိုင်ရှေ့နေတွေဘက်က မသိသေးတာတစ်ခုကို အခု တရားသူကြီးမင်းကို ပူးတွဲသက်သေတစ်ခု အနေဖြင့် တင်ပြချင်ပါတယ် ”

ပြောပြောဆိုဆိုနှင့် သူက လက်ထဲမှ စာရွက်ကို တရားသူကြီးအား ပေးလိုက်သည်။ ထို့နောက်တွင် သူသည် အောင်နိုင်သူတစ်ယောက်၏ အပြုံးမျိုးဖြင့် လှည့်လာပြီး...

” လေးစားအပ်ပါသော တရားသူကြီးမင်းခင်ဗျာ အခု ကျွန်တော် တင်ပြထားတဲ့ သက်သေဟာဆိုရင် ဒီအမှုမှာ ဘယ်သူ့ဘက်က အမှန်တရားနဲ့အကွ အရောင်းအဝယ် ပြုထားတယ်ဆိုတာကို သက်သေခံနိုင်လောက်မယ် ထင်ပါတယ်၊ ဟုတ်ပါတယ် အားလုံးသိချင်နေကြတဲ့ ကျွန်တော်တင်ပြထားတဲ့ သက်သေဟာ ဒီအမှုရဲ့ သက်ဆိုင်သူ တစ်နည်း floral ကုမ္ပဏီနဲ့ ရောင်းဝယ်စာချုပ် ချူပ်ဆိုထားသူ ဦးမြနှစ်ဟာဆိုရင် ကွယ်လွန်သူ ပထမမြေပိုင်ရှင် ဦးဖိုးလူရဲ့ သားအရင်းမဟုတ်ဘဲ မွေးစားသားသာ ဖြစ်ကြောင်း စာချုပ်ပါပဲ ​ခင်ဗျာ၊ ဤအတိုင်းသာဆိုရင် ကွယ်လွန်သူ ဦးဖိုးလူရဲ့ ပိုင်ဆိုင်မှုဟာ ဘယ်သူ့ရဲ့လက်ထဲကို ရောက်နိုင်မလဲဆိုတာ အားလုံး တွေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်၊ ကျေးဇူးတင်ပါတယ် ဒီလောက်ပါပဲ ”

ရှေ့နေဦးဘချစ်၏ လက်ထောက် ရှေ့နေ ဦးကျော်အောင်၏ လျှောက်လွှဲတင်ပြချက်များက တိကျကာ ချည်ပြီးတုတ်ပြီး အကျပ်ကိုင်ခြင်း ဖြစ်သည်။ အချက်တစ်ချက်တည်းနှင့် တစ်ဖက်ရန်သူကို အလဲထိုးခြင်းပင်။ ရုံးတော်အတွင်းမှ ပရိတ်သက်အားလုံး၏ အာမေဋိတ်သံများနှင့် ဝေဖန်သံများက ညံစီသွားသည်။

တရားသူကြီးသည် လက်ထောက်တရားသူကြီးနှစ်ယောက်နှင့် စာချုပ်ပါ အချက်အလတ်များကို ဝေငှ၍ ဆွေးနွေးသည်။ တစ်ခဏကြာသည့်အခါ သူတို့က အချင်းချင်းကြည့်ကာ ခေါင်းညိတ်လိုက်ကြ၏။ ထို့နောက်တွင် အဓိက တရားသူကြီးဖြစ်သူက တိတ်တိတ်နေရန် အချက်ပြလိုက်ပြီးနောက်...

My Lawless Lawyer (Complete - BL)Where stories live. Discover now