Extra Part - 3 (End Up)

3.2K 141 4
                                    

(unicode)

Behind The Scene - 3

အခန်း | ၄၆ |

သည်တစ်ခါခရီးကတော့ ကလေးများမပါဘဲ သူတို့နှစ်ယောက်တည်းထွက်ဖြစ်သည့် ပထမဆုံး ခရီးတစ်ခုပင် ဖြစ်သည်။ ပြီးခဲ့သည့်အပတ်က သော်ကနှင့်ရဲကျော်တို့၏ မင်္ဂလာပွဲဖြစ်ပြီး ထိုပွဲနေ့တွင် သူတို့ထင်မထားသော ဧည့်သည်ရောက်လာခဲ့သည်။ ကတ်သရင်းသည် ယခင်အတိုင်းပဲ လှပနေမြဲဖြစ်ပြီး သော်ကတို့မင်္ဂလာပွဲကို လာရောက်ဂုဏ်ပြုရင်း နေကိုးဟန်သာအား လာရောက် နှုတ်ဆက်သည်။ ကတ်သရင်း၏ အကြည့်များတွင် ယခင်ကကဲ့သို့ သူ့အပေါ်၌ ချစ်မြတ်နိူးရိပ်များ ရှိနေပါသော်လည်း ယခုတော့ သည်အတိုင်းသာမန်မိတ်ဆွေတစ်ယောက်အား လာရောက်တွေ့ဆုံသောသဘောနှင့်သာ ရှိတော့သည်။

သူက ကတ်သရင်းနှင့် မှိုင်းသိဂ္ဂါကိုအား မိတ်ဆက်ပေးသည်။ သူတို့နှစ်ဦးသည် ဖော်ဖော်ရွေရွေ စကားပြောခဲ့ကြပြီးနောက်မှ ညနေဆောင်းတွင် ကတ်သရင်းက အားလုံးကိုနှုတ်ဆက်၍ ပြန်သွား၏။ သည်တစ်ခါ ပြည်ပသို့ပြန်ခြင်းသည် သူမအတွက် အပြီးပြန်ခြင်းသာဖြစ်ပြီး နောက်ပိုင်းတွင် မြန်မာပြည်သို့ လုံးဝခြေမချတော့ကြောင်းကို သူတို့သိထားလေသည်။

မင်္ဂလာပွဲနောက်နေ့တွင် သော်ကနှင့် ရဲကျော်က ငွေဆောင်သို့ ထွက်သွားခဲ့သည်။ သူနှင့်မှိုင်းသိဂ္ဂါကိုတို့က ရန်ကုန်သို့မပြန်ဘဲ ငပလီသို့သာ ခရီးထွက်ခဲ့ခြင်း ဖြစ်လေသည်။ ကလေးများကို ခေါ်သည့်အခါ ထူးခြားစွာပင် ကလေးနှစ်ယောက်လုံးက မလိုက်ဖို့ငြင်းဆန်ပြီး သူတို့အဘွားနှင့်သာ နေခဲ့မည်ဖြစ်ကြောင်းပြောလာသောအခါ သူတို့မှာအံ့သြရသည်။ ထို့ကြောင့် ယခုတစ်ကြိမ်ခရီးထွက်ခြင်းသည် သူတို့နှစ်ဦးအတူနေသည့်အချိန်မှစ၍ နှစ်ယောက်တည်းထွက်သည့် ပထမဆုံးခရီးစဥ်ပင် ဖြစ်လေသည်။

” ခင်ဗျား အခန်းကြိုယူဖို့အတွက် ဖုန်းဆက်ပြီးသွားပြီလား၊ လာသာလာရတာ ကိုယ်တော့ သားနှစ်ယောက်မပါလို့ တစ်မျိုးကြီးပဲ ”

” ကိုးရယ် သားသားတို့ကလည်း မယ်မယ်နဲ့နေခဲ့တာပါ၊ သူစိမ်းမှမဟုတ်တာ သူတို့အဘွားအရင်းပါကွ၊ စိတ်ပူမနေပါနဲ့ ”

My Lawless Lawyer (Complete - BL)Where stories live. Discover now