C - 16

4.7K 298 6
                                    

(Unicode)

အခန်း | ၁၆ |

ကောင်းကင်က ကြည်လင် သာယာလျက် ရှိသည်။ သို့သော် ရုတ်တရက် တိမ်မည်းများက ပြာလဲ့နေသော ကောင်းကင်ကို ဖြတ်သန်းကာ အမှောင်ဖုံးသွားစေ၏။ မိုးပြေးကလေးများက ခပ်သော့သော့ ပြိုလဲကျလာပြီး ကမ္ဘာမြေပြင်ကို မိုးရေစက်များဖြင့် ကြဲချစေသည်။

" ကိုးငယ်... မင်းသေချာလား "

" သေချာတယ် လေးလေး၊ ကျွန်တော် တကယ်ပဲ ရင်ဆိုင်လိုက်တော့မယ် "

" ဖြစ်လာတဲ့ အကျိုးဆက်ကိုရော မင်းသေချာ တွေးပြီးပြီလား "

" ကျွန်တော် တွေးပြီးပါပြီ၊ ဦးဟန်သာအောင်အတွက် ကျွန်တော်တို့ အခွင့်အရေး ပေးထားပြီးခဲ့ပြီပဲ၊ အခု ကျွန်တော်ပိုင်တဲ့အရာကို သူ့ဆီကနေ တစ်ခုချင်း ပြန်ယူရမယ် "

နေကိုးဟန်သာထံမှ တိကျသော ဆုံးဖြတ်ချက်ကို ရပြီးသည့်အခါ ဦးကျော်စွာက ခေါင်းညိတ်လိုက်သည်။ သူက မည်သည့် အရာကိုမျှ ရှေ့ဆက် ပြောစရာ မလိုတော့ပေ။ ထို့နောက် သူက ဖိုင်တွဲတစ်ခုကို ရှေ့သို့ အသာ တိုးပေးလိုက်ရင်းဖြင့်...

" ဒါက လက်ရှိ ဟန်သာမိသားစုရဲ့ ပိုင်ဆိုင်မှုနဲ့ လုပ်ငန်းလည်ပတ်ပုံတွေပဲ၊ နောက်တစ်ခုက ဟန်သာမိသားစုရဲ့ ရှယ်ယာရှင် နာမည်တွေ၊ ဘယ္လိုအသုံးခ်ရမလဲ ဆိုတာ မင်းတွေးပြီးလောက်ပြီ ထင်တယ် "

သူက ခေါင်းညိတ်လိုက်ပြီး အချိန်အတော်ကြာအထိ ဖိုင်တွဲများကို လေ့လာနေသည်။ မိနစ် အနည်းငယ်ခန့် ကြာသည့်အခါ သူက ဖိုင်တွဲများကို ပိတ်လိုက်ပြီးနောက်...

" ဒီညနေ ငါးနာရီမှာ ဒီထဲက ရှယ်ယာရှင်တွေနဲ့ ကျွန်တော် သီးသန့်တွေ့ချင်တယ်၊ အဲတာကို လေးလေး စီစဉ်ပေးနိုင်မလား "

သူပြောလာသည့်အခါ ဦးကျော်စွာက သူ၏ ရည်ရွယ်ချက်ကိုပင် မမေးဘဲ ခေါင်းကိုသာ ညိတ်လိုက်သည်။ ထို့နောက်တွင် သူက အချိန်၊ နေရာနှင့် လူဦးရေကို အတည်ပြုပြီးနောက် သူ့ရှေ့မှ ထွက်သွားသည်။

ယနေ့သည် အလုပ်ပိတ်ရက် ဖြစ်ပြီး ပိတ်ရက်တွင် သူက အပြည့်အဝ အနားယူဖို့ တွေးထားသည်။ သို့ပေမဲ့ အမှုဖိုင်တွဲတစ်ခုကိုတော့ သူက ယူဆောင်လာသည်။ ထိုအမှုဖိုင်တွဲက အခြားမဟုတ်။ ဟန်သာမိသားစုနှင့် သူ့ကုမ္ပဏီကြား ရင်ဆိုင်ရမည့် အမှုတွဲပင်။

My Lawless Lawyer (Complete - BL)Where stories live. Discover now