C - 6

5.5K 331 6
                                    

(Unicode)

အခန်း | ၆ |

လှေကားပေါ်ကို လှမ်းတက်ပြီး လေးငါးလှမ်း, လှမ်းလိုက်သည် ဆိုလျှင်ပဲ အခန်းတွင်းမှ အသံများက ဒေါ်ကလျာပျို၏ အကြားအာရုံအတွင်းသို့ ရိုက်ခတ်လာသည်။ ​ဒေါ်ကလျာပျို၏ မျက်နှာက ရုတ်ချည်း ပျက်ယွင်းသွားပြီး ကလေးငယ်၏ အခန်းရှိရာသို့ အမောတကော ပြေးသွားလိုက်သည်။

" ဟန်သာမောင် ရှင်... ရှင် လူမှ ဟုတ်ရဲ့လား ကျွန်မသားက, ကလေးပဲ ရှိသေးတာကို ရှင်က ရှင် ကဲဟယ် "

ဒေါ်ကလျာပျိုက ပြောနေရင်းနှင့် ဒေါသကို မထိန်းနိုင်တော့ပေ။ ထို့ကြောင့် သူမ၏ ညာလက်ကို ခပ်မြင့်မြင့်လွှဲလိုက်ပြီး ဦးဟန်သာမောင်၏ ပါးပြင်အား အားကုန်လွှဲရိုက်လိုက် လေ၏။

" ဖြောင်း... "

ပါးရိုက်လိုက်သည့် အသံက ကျယ်လောင် ပီသစွာ ထွက်ပေါ်သွားသည်။ ဦးဟန်သာမောင်က အလစ်အငိုက်မို့ ခံလိုက်ရသည်။ ဒေါ်ကလျာပျိုသည် သားငယ်ထံသို့ ပြေးသွားလိုက်ပြီး ကလေးငယ်အား သူမ၏ ရင်ခွင်သွင်းသို့ ထည့်ကာ ဖက်ထားလိုက်သည်။

ဦးဟန်သာမောင်သည် ပါးပြင်ထက်မှ နာကျင်မှုကြောင့် ဒေါသတို့က နှစ်ဆပိုတက်သွားသည်။ အရက်၏ အရှိန်ကြောင့်လည်း မည်သူ့ကိုမှ ထိန်းချုပ်ကာ ပြောကြားမနေတော့ဘဲ ဒေါ်ကလျာပျိုအား လက်ဖြင့် အညှာအတာမဲ့စွာ ဆွဲယူလိုက်ပြီး ကြမ်းပြင်ထက်၌ ဒရွတ်တိုက် ဆွဲသွားလိုက်သည်။ ထို့နောက်...

" ကောင်မ နင်က နင့်သားကို ထိတော့ ငါ့ပါးကို ရိုက်တယ်ဟုတ်လား၊ ကောင်းတယ် သိပ်ကို စွာနေတာပေါ့လေ၊ ငါ့ရှေ့လာပြီး သားအစ်မိနှစ်ယောက် ချစ်ပြနေတယ်ပေါ့ ကဲဟယ်... "

ဦးဟန်သာမောင်က ပြောပြောဆိုဆိုနှင့် ဒေါ်ကလျာပျို၏ ပါးပြင်အား လက်ပြန် ရိုက်ချလိုက်သည်။ ယောကျ်ားအားဖြင့် ရိုက်သည့် ရိုက်ချက် ဖြစ်သည့်အတွက် ဒေါ်ကလျာပျို၏ နှုတ်ခမ်းထောင့်၌ သွေးစတို့ စီးကျလာ၏။

ဦးဟန်သာမောင်သည် ထိုမျှနှင့် မပြီးသေးဘဲ ဒေါ်ကလျာပျို၏ ပြေလျော့သွားသော ဆံနွယ်များကို စုယူလိုက်ပြီး ပါးပြင်အား ဆင့်ကာ ဆင့်ကာ ရိုက်လိုက်လေ၏။ ဒေါ်ကလျာပျို၏ ပါးပြင်က ချက်ချင်း ဖူးယောင်သွားသည်။

My Lawless Lawyer (Complete - BL)Where stories live. Discover now