C - 28

3.9K 258 35
                                    

(unicode)

အခန်း | ၂၈ | 

ယနေ့သည် ရာသီဥတု ကြည်လင်သာယာသော်ငြားလည်း မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ငန်းရှင် အသိုင်းအဝိုင်းများအကြား ရုတ်ရုတ်သဲသဲ ဖြစ်သွားသော နေ့တစ်နေ့ပင် ဖြစ်သည်။ မြန်မာနိုင်ငံ၏ စီးပွားရေး အချက်အချာကျသည့် လုပ်ငန်းစုပေါင်းများစွာ၊ အစုရှယ်ယာပေါင်းများစွာနှင့် လုပ်ပိုင်ခွင့်ပေါင်း များစွာကို ရရှိထားသည့် ဟန်သာမိသားစု၏ တစ်ဦးတည်းသော ချူပ်ကိုင်သူ ဟန်သာမိသားစု၏ ခေါင်းကိုင်ဖခင် ဟန်သာလုပ်ငန်းစု၏ ဥက္ကဌကြီး ဦးဟန်သာမင်းမောင်၏ သေဆုံးခြင်းမှတ်တမ်း ဇာပနပွဲကြောင့်ပင် ဖြစ်သည်။

သတင်းများ၏ ခေါင်းကြီးပိုင်းနှင့် လုပ်ငန်းစုများအကြား ဤသတင်းသည်သာ ပြောစရာတစ်ခု ဖြစ်နေ၏။ ထိုဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားသို့ ဟန်သာမိသားစု၏ တစ်ဦးတည်းသော အမွေဆက်ခံသူ ဦးဟန်သာမင်းမောင်၏ တစ်ဦးတည်းသောမြေး၊ ဟန်သာမိသားစု၏ ပထမသားကြီး ဦးဟန်သာအောင်၏သား ဦးဟန်သာမင်း၏ တူဖြစ်သော နေကိုးဟန်သာ တက်ရောက်မည်လား ဆိုသည်ကလည်း ဆွေးနွေး အငြင်းပွားဖွယ်ရာ တစ်ခုပင် ဖြစ်၍ လာလေသည်။

မည်သို့ပင် ဆိုစေကာမူ ဤအခမ်းအနားပွဲသည်တော့ အစည်ကားဆုံး ဇာပနပွဲတစ်ခု ဖြစ်နေမည်မှာ အသေအချာပင် ဖြစ်လေသည်။ ယခု ဟန်သာမိသားစု၏ စံအိမ် ခြံဝန်းအတွင်း ဇာပနအခမ်းအနားပွဲ တစ်ခုက နေရာယူထားသည်။ အားလုံးသော တက်ရောက်သူများက ဟန်သာမိသားစု၏ ရှယ်ယာရှင်များ၊ အစုရှယ်ယာရှင်များနှင့် မိတ်ဖက် လုပ်ကိုင်သူများပင်။

အခြားသော လုပ်ငန်းရှင်များလည်း ပါဝင်တက်ရောက်ကြပြီး တက်ရောက်သူတို့၏ ရာခိုင်နှုန်း အများစုက နောက်တက်လာနိူင်သော ဟန်သာမိသားစု၏ ဥက္ကဌဖြစ်သူကို မြင်တွေ့ချင်သောကြောင့်ပင်။ ဖြစ်လာနိုင်လောက်သောသူကိုလည်း အမျိုးမျိုး ထင်ကြေးပေးလျက်လည်း ရှိ၏။

ယနေ့ မြန်မာနိုင်ငံ၏ စီးပွားရေးကို အဓိက ချုပ်ကိုင်ထားသူများအား မြင်တွေ့လိုပါက ဤဇာပနပွဲသို့ လာရောက်ကြပါဟုသာ ပြောရလောက်သည်အထိ လူတိုင်းက ​စီးပွားရေး လုပ်ငန်းရှင်များသာ။ စတုတ္ထမဏ္ဍိုင်ဖြစ်သော သတင်းမီဒီယာ ဌာနအများစုသည်လည်း လူကြားထဲ တိုး​ကြိတ်၍ သူ့ထက်ငါ အပြိုင်အဆိုင် သတင်းရယူလျက်လည်း ရှိလေသည်။

My Lawless Lawyer (Complete - BL)Where stories live. Discover now