Extra Part - 1

3.5K 178 23
                                    

(unicode)

Behind The Scene - 1

အခန်း | ၄၄ |

အဆင့်မြင့်အိမ်ရာများ၏ အထက်တန်းကျနလှသော တိုက်ခန်းတစ်ခုအတွင်း၌ ဖြစ်သည်။ ရုပ်ချင်းတူသော ကလေးငယ်နှစ်ဦးသည် ဓာတ်ပုံအယ်လ်ဗန်များကို အလုအယက် ကြည့်နေကြသည်။ အိမ်အနောက်ဘက် မီးဖိုချောင်တွင် အငွေ့များက ထောင်းထောင်းထလျက်လည်း ရှိသည်။ ထိုကလေးငယ်နှစ်ဦး၏ အနားတွင်တော့ ကွန်ပျူတာ မျက်နှာပြင်ကို အသည်းအသန်ငေးနေသော မှိုင်းသိဂ္ဂါကို ရှိသည်။ များမကြာမီအချိန်အတွင်း၌ အသံတစ်ခုက အိမ်အနောက်ဘက်မှ ခပ်စီစီ လွင့်မျော၍ လာလေသည်။

” ကလေးတွေ နေ့လယ်စာစားဖို့လုပ်ကြတော့၊ တစ်နေ့တစ်နေ့ အဲဒီဓာတ်ပုံတွေကိုပဲ ကြည့်နေကြတယ်၊ ညအိပ်ရင် အဲပုံတွေထဲ သားသားတို့က ဘာလို့မပါတာလဲဆိုပြီး ဒီအဖေကို အိပ်မရအောင် ရစ်ကြအုံးမယ်၊ တော်ပြီး သိမ်းကြတော့၊ ဦးမှိုင်းသိဂ္ဂါကို ခင်ဗျားကရော အဲအလုပ်တွေပဲ လုပ်နေတော့မှာလား ”

အသံနှင့်အတူ လက်တစ်ဘက်က သံယောင်းမကိုကိုင်ရင်း ထွက်လာသည့် နေကိုးဟန်သာက မှိုင်းသိဂ္ဂါကိုအား မကြည်သလိုကြည့်၍ပြောသည်။ နှဖူးတွင် ဆံပင်များကို သပ်တင်ထားသည့် ခေါင်းစည်းတစ်ခုရှိနေပြီး ခန္ဓာကိုယ်တွင်တော့ အေပွန်ကို ဝတ်ထားသည်။ သူ့ပုံစံက တကယ့်ကို အချက်အပြုတ်တော်လှသည့် အိမ်ရှင်ထီးတစ်ဦး၏ ပုံပါပင်။

နေကိုးဟန်သာ၏အသံကို ကြားသည့်အခါ မှိုင်းသိဂ္ဂါကိုက ကွန်ပျူတာကို ပိတ်လိုက်ပြီး စားပွဲပေါ်မှ သစ်သျှူးတစ်ခုကိုယူကာ နေကိုးဟန်သာ၏ နှဖူးမှချွေးတို့ကို သုတ်ပေးလိုက်သည်။ မျက်နှာကတော့ ပြီတီတီနှင့်ဖြစ်ပြီး သူက အပိုအိုက်တိုက်လုပ်နေမှန်းကို သိသာထင်ရှားစေပါသည်။ ထိုအခါ နေကိုးဟန်သာ၏ အလိုမကျသောအသံက ထွက်ပေါ်လာပြန်သည်။

” ဟာ...ဒီလူ ကလေးတွေရှေ့မှာ ဘာတွေလာလုပ်နေတာလဲ၊ အသက်ကဖြင့် လေးဆယ်ပြည့်တော့မှာကို ကလေးလုပ်နေသေးတယ်၊ ကဲ... ညို့မှိုင်းဟန်သာနဲ့ ကိုးနေရောင်မှိုင်း မင်းတို့နှစ်ယောက်က အခုချိန်ထိ နေရာက မထသေးဘူးလား၊ ရတယ် ရတယ် မင်းတို့သားအဖတွေ လုပ်ထားကြ၊ တစ်​ယောက်မှ ထမင်းမစားကြနဲ့တော့... ”

My Lawless Lawyer (Complete - BL)Where stories live. Discover now