C - 35

3.8K 223 17
                                    

(unicode)

အခန်း ​| ၃၅ |

မနေ့က ညိုမှောင်နေသော ကောင်းကင်သည် ယခုတော့ သူမဟုတ်သည့်အလား တိမ်များဖြင့် ကြည်လင်လျက် ရှိသည်။ ယနေ့သည် နေကိုးဟန်သာဆေးရုံမှ ဆင်းမည့်ရက်လည်း ဖြစ်သည်။ ကေသီနှင့်အမွန်က မိန်းမသားပီပီ ပစ္စည်းများ သိမ်းနေကြပြီး အခြားသူများက နေကိုးဟန်သာဘေး၌ ရှိနေကြသည်။

” ကိုယ်နေကောင်းနေပါပြီ ဦးကျော်စွာ၊ နားနားနေနေ, နေပါဗျ ကိုယ့်ကိုအဲလောက် ဂရုစိုက်စရာမလိုပါဘူး ”

” ဘယ်ဟုတ်မလဲ ငါ့တူရယ် ဂရုစိုက်ရမှာပေါ့ သူဌေးမရှိတော့ကတည်းက တောင်းပန်ပါတယ် ဦးလေး စကား မှားသွားတယ် ငါတူ ”

” ကိစ္စမရှိပါဘူးဦးလေး ကိုယ်အဆင်ပြေပါတယ် ”

”အဆင်ပြေပါတယ်” ဟု ပြောလိုက်သော်ငြားလည်း သူ့မျက်နှာက ပျက်ယွင်းသွားသည်ကတော့ အမှန်ပင် ဖြစ်သည်။ ထိုအရာကို ဦးကျော်စွာသည်လည်း ကောင်းကောင်း သိသည်။ ထိုစဥ် တံခါးပွင့်လာပြီးနောက် မှိုင်းသိဂ္ဂါကိုက အခန်းထဲဝင်လာသည်။ သူဝင်လာသည့်အခါ နေကိုးဟန်သာ၏ မျက်နှာက ချက်ချင်း အရောင်တောက်သွားသည်။ မှိုင်းသိဂ္ဂါကိုက နေကိုးဟန်သာဆီသို့ လျှောက်သွားပြီး...

” အောက်မှာ ကားပြင်ပြီးသွားပြီ ကိုးငယ်၊ အားလုံးသွားဖို့အဆင်သင့်ပဲလား ”

” ကိုယ်ကရနေပါပြီ ကေသီတို့ပြီးရင် သွားကြတာပေါ့၊ အမွန် ညီမလေး ကိုကို့အိမ်လိုက်ခဲ့လေ ”

” ဟုတ်ကဲ့ ကိုကို၊ မမကေသီ ဒါဆိုအမွန်တို့ ပစ္စည်းတွေယူပြီး အရင်ဆင်းနှင့်လိုက်မယ်လေ ”

အမွန်က မျက်ရိပ်ပြလိုက်တော့ အားလုံးက သဘောပေါက်စွာ ပြုံးလိုက်သည်။ ထို့နောက်တွင် အားလုံးကလည်း အလိုက်သိစွာဖြင့် အလျှိုလျှိုထွက်သွားကြသည်။ အားလုံးထွက်သွားသည့်အခါ မှိုင်းသိဂ္ဂါကိုက သူ့အနားသို့ ကပ်လာသည်။ နေကိုးဟန်သာက ထိုလူကို မျက်မောင်းကျိုးစွာ ကြည့်လိုက်သည်။

ထို့နောက်တွင် သူက ထိုလူအား လက်ကမ်းပေးလိုက်ပြီး ခုတင်ပေါ်မှ အားယူထလိုက်သည်။ မှိုင်းသိဂ္ဂါကိုသည် နေကိုးဟန်သာအား တွဲကူရင်းနှင့် ဆေးရုံမှထွက်သွားလိုက်ကြသည်။ မှိုင်းသိဂ္ဂါကိုသည် ယခုအချိန်ကလေးကို အတော်ကလေး ပျော်ရွှင်နေမိသည်။ သူက နေကိုးဟန်သာဘက်မှ သူ့အား မီးစိမ်းပြလာသည့်အခါ အတော်ကလေး ကျေနပ်မိသွားသည်။

My Lawless Lawyer (Complete - BL)Where stories live. Discover now