Part - 3

36.1K 1.2K 50
                                    

Unicode

"ထင်လင်းသိုက် ပြောတဲ့ လက်လွတ်ခံရကျိုးနပ်တယ်ဆိုတာ ဒါတွေကြောင့်မို့လား"

"မဟုတ်ဘူးဒယ်ဒီ။ကိုယ်တောင်းပန်ပါတယ်။ ကလေးက မြန်မာစကားနဲ့ အကျွမ်းတဝင်
မရှိသေးလို့...သူသိတဲ့စကားလုံးကို အသုံးချရမဲ့နေရာ မသိတတ်သေးတာ"

"ဒီလိုမိန်းမကမွေးထားမှပေါ့ ဒီပုံစံထွက်လာတာ မဆန်းပါဘူး...အဲ့ဒီကလေးမလေးဆီကနေ
မင်းက ဘာတွေများ မျှော်လင့်နေသေးတာလဲထင်လင်းသိုက်"

"ကိုယ် မီးငယ်အပေါ် ဘာမျှော်လင့်ချက်မထားပါဘူးဒယ်ဒီ"

"အေး ထားလို့လည်းမရဘူးလေ ဟုတ်တယ်မလား။ မိန်းမယုတ်ကမွေးရင် မိန်းမယုတ်ဖြစ်မှာပဲ ။ သူ့အမေရဲ့ယုတ်မာကောက်ကျစ်မှု၊ သူ့အဖေရဲ့ အောက်တန်းစားဆန်တဲ့စိတ်ဓာတ်တွေက ဒီကလေးမမှာပါလာမှာ"

"မပြောနဲ့တော့။ဒီကလေးရဲ့ဖြစ်တည်မှုကို မရောထွေးလိုက်ပါနဲ့...ကိုယ်တောင်းပန်တာပါ။ ကလေးကငယ်သေးလို့ ဘာမှမသိပဲပြောလိုက်တာ ခွင့်လွှတ်ပေးလို့မရဘူးလား
ကိုယ်တောင်းပန်နေတာပါဒယ်ဒီ"

တိတ်ဆိတ်နေတဲ့စာကြည့်ခန်းထဲ တောင်းပန်စကားတို့ကသာ ကြီးစိုးနေတာမို့ ဦးLသိုက် အလိုမကျတော့ပါ။သားဖြစ်သူက ထိုကလေးမကို စကားနဲ့တောင်ထိခိုက်မခံပဲ တောင်းပန်တယ်ချည်းသာပြောနေသည်။ သူကလည်းအခုလို တောင်းပန်တာတွေကြားရဖို့ သားကိုခေါ်ရခြင်း မဟုတ်ပါ...L.Groupကိုဆက်ခံဖို့ အချိန်တန်ပြီဆိုတဲ့အကြောင်း အသိပေးဖို့
ခေါ်လိုက်ရခြင်းသာ။

"မင်းပြောင်းလဲသွားပြီ ထင်လင်းသိုက်။
လူတစ်ယောက်ကို လွယ်လွယ်တောင်းပန်နိုင်တဲ့
အထိ မင်းပြောင်းလဲသွားပြီ။ဒါတွေက ရေချယ်ကြောင့်ပဲမလား"

"ရေချယ်လင်းသိုက်ပါ။ရေချယ် မဟုတ်ပဲ ရေချယ်လင်းသိုက်ပါဒယ်ဒီ... ရေချယ်လို့ခွဲခေါ်မရသလို လင်းသိုက်လို့လည်း ခေါ်လို့မရဘူး။ ကလေးနာမည်က ရေချယ်လင်းသိုက်ပါ"

"ဟား... မင်း တဏှာစိတ်တော်တော်မွှန်နေပြီပဲကွ။ ဘာဖြစ်သလဲ ဟိုမိန်းမကမွေးထားလို့ မင်းအခုလိုအချိုးတွေပြောင်းနေတာလား ဟမ်"

HUSBAND:DaddyWhere stories live. Discover now