Part - 8

25.3K 967 53
                                    

Unicode

"ကိုယ်တောင်းပန်ပါတယ်ဒယ်ဒီ။ဒီမှာဆက်နေဖို့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်တော့လို့ပါ"

"မင်းရူးသွားပြီထင်လင်းသိုက်။သွက်သွက်ခါအောင် ရူးနေပြီပဲ။အချိန်တစ်ခုရောက်ရင် LGroupကို ဆက်ခံရမဲ့မင်းက ဘယ်လိုပုံစံဖြစ်နေတာလဲ"

"ကိုယ်ဒီမှာဆက်နေရင် မီးငယ်ကိုလက်လွှတ်လိုက်ရလိမ့်မယ်။ တကယ်မဖြစ်လို့ပါဒယ်ဒီ"

ဦးညွှတ်ကာတောင်းဆိုနေတဲ့သားဖြစ်သူကို ဦးLသိုက် စိတ်ပျက်ကာ အားမရဖြစ်ရသည်။ ဟိုးအရင်တုန်းကတော့ အချိန်တန်ရင် နေရာမှန်ကိုပြန်လာမှာပဲထင်မှတ်ပြီး လွတ်ပေးထားပေမဲ့ အခုတော့ပိုပြီးဆိုးဝါးစွာ...
တခြားနိုင်ငံမှာပဲ အခြေချဖို့ပြောနေ၏။

"ငါ့အသက်လည်း50ကျော်လာပြီ။ နောက်5နှစ်လောက်ဆို ဒီGroupကို မင်းလက်ထဲလွှဲဖို့ အကုန်စီစဉ်ထားပြီးသား။ အဲ့တာကို မင်းကိုယ်တိုင်သဘောတူထားတာပဲ"

ဟုတ်ပါတယ်။ပထမအကြိမ်LGroupကို ဆက်ခံဖို့ အချိန်မှာ မီးငယ်ကို သူမွေးစားခဲ့တယ်။အဲ့ဒီအချိန်ကတော့ မီးငယ်အတန်သင့်
အရွယ်ရောက်တဲ့အခါ...မီးငယ်အသက်
15နှစ်ပြည့်တဲ့အခါကျရင် LGroupကို လွဲပြောင်းယူမယ်လို့ ကတိပေးခဲ့တယ်။

"သား ... မင်းခေါင်းထဲ ဘာအတွေးတွေ တွေးနေတာလဲ။ကလေးမအတွက်နဲ့ မိုက်ရူးရဲမဆန်ချင်စမ်းနဲ့။ကလေးချစ်လို့လား အဲ့လိုဆိုရင် မင်းနဲ့သင့်တော်တဲ့အိမ်ထောင်ဖက်
ရှာပေးလို့ရတယ်...မင်းအိမ်ထောင်ပြုပြီး ကလေးတစ်ယောက်မွေးလို့ရတယ်။ ဒယ်ဒီ
မင်းအရွယ်တုန်းကဆို မင်းကိုမွေးပြီးနေပြီ"

"မဟုတ်ဘူးဒယ်ဒီ။ကိုယ်အိမ်ထောင်ပြုချင်တာ မဟုတ်သလို... ကလေးချစ်တာလည်းမဟုတ်ဘူး ကိုယ့်မီးငယ်ကိုပဲချစ်တာပါ။မီးငယ်ကိုပဲ လက်လွှတ်မခံနိုင်တာ"

"မင်းဘာတွေဖြစ်နေတာလဲထင်လင်းသိုက်။ ဘာတွေစီစဉ်နေတာလဲ ဒယ်ဒီ့ကိုပြောစမ်း"

သူ့မေးခွန်းကြောင့် ထင်လင်းသိုက်ခေါင်းမော့လာသည်။ပြောရခက်နေတဲ့ပုံစံဖြင့် မျက်နှာက မသာမယာဖြစ်နေသလို အရင်ကသေသပ်စွာ
ဖြီးသင်ထားတဲ့ဆံပင်တွေကလည်း အခုမှ ဖရိုဖရဲ။ ရင်ထဲပူလောင်နေလို့ပဲလားတော့မသိ... ရင်ဘတ်ရှပ်အင်္ကျီကြယ်သီးကို ၃လုံးဆင့်ဖြုတ်ထားပြန်၏။

HUSBAND:DaddyWhere stories live. Discover now