Part - 68

25.9K 1K 103
                                    

Unicode

"အိတ်စပက်တိုပက်ထရော်နမ်"

"ဘာလဲ"

"အိတ်စပက်တိုပက်ထရော်နမ်"

"ထင်လင်းသိုက် မင်းဟာလေးကဘာတွေပြောနေတာလဲ"

"ဖိုးဖိုးကြီးက ဝှီးခနဲလွင့်သွားရမှာလေ"

"ဘာတုန်းဟ !"

ဒယ်ဒီ့စာကြည့်ခန်းထဲထိဝင်ကာ တစ်တောင်လောက်ရှိတဲ့ခပ်သေးသေး  မှော်တုတ်တံကလေးကို ကိုင်၍ ဒယ်ဒီပခုံးကိုထိကာ ဂါထာတစ်ပုဒ်ကိုပြောနေတဲ့မီးငယ်က ထင်လင်းသိုက်မျက်လုံးထဲမှာတော့ ချစ်စရာကောင်းလွန်းသည်။

"ဝင်ဂါဒီယမ် လီဗီအိုစာ"

"ဒါကရောဘာလဲ"

"ဒီဂါထာကိုရွတ်လိုက်ပြီဆိုတော့ ဖိုးဖိုးကြီးက လေပေါ်ပျံတတ်သွားမှာ"

"ရှင်းစမ်းပါအုံး။ဘာတွေလဲ အဲ့တာက"

"မှော်ပညာလေ ။ ဟိုပိတ်ထားတဲ့တံခါးကိုဖွင့်ချင်ရင်  ဒီ မှော်တုတ်တံလေးနဲ့ထိပြီး "အာလိုဟိုမိုရာ" လို့ ရွတ်လိုက်ယုံပဲ... အဲ့တာဆိုတံခါးပွင့်သွားမှာ"

"ထင်လင်းသိုက် ... မင်းဟာလေးက ရူးများနေပြီလား"

"ဟင့်အင်း ဇီးကွက်ကြီးကစာပို့လာပြီ။
ရထားကြီးစီးပြီး ဟော့ဝပ်ကျောင်း မှော်ပညာသင်ဖို့ ကိုသွားတော့မှာ"

"LGUမှာ ဆက်မတတ်တော့ဘူးလား"

"ဟင့်အင်း ဒီမှာ ကျောင်းဝတ်စုံတောင်လဲပြီးပြီ "

အောက်ခံရှပ်အင်္ကျီအဖြူ၊အပေါ်ကကြက်သွေးရောင်အခံနှင့်ကုတ်အရှည်အနက်၊အဖြူနဲ့အဝါအစင်းကျား နက်ကတိုင်ခ်၊ကြက်သွေးရောင်စကပ်တိုလေးကို မှော်ကျောင်းဝတ်စုံအဖြစ် ဝတ်ဆင်ထားသည်။
ပါးစပ်လေးအသာအုပ်ကာရယ်နေတဲ့ မီးငယ်ကြောင့် ထင်လင်းသိုက်ကိုယ်တိုင်လည်း ခေါင်းတခါခါဖြင့် ပြုံးမိပြန်၏။ငယ်ငယ်ထဲကHarry Potterကိုသဘောကျတဲ့ မီးငယ်က လန်ဒန်ကိုရောက်ရောက်ချင်းညကပဲထိုဇာတ်လမ်းကိုပြန်ကြည့်ပြီး  မနေ့က အပြင်ကပြန်လာတော့ မှော်တုတ်တံ၊ကျောင်းဝတ်စုံတွေကို ဝယ်ခိုင်းတယ်လေ။တံမြက်စည်းပျံတောင် မရှိလို့၊ရှိရင် ရချင်တယ်လို့ ဂျီကျတဲ့ကလေးက အခုတော့ ဒယ်ဒီ့ကိုစနောက်နေပြန်တယ်။

HUSBAND:DaddyWhere stories live. Discover now